Naturally Better
- ENG
- မြန်မာ
ကုန်စည်အမျိုးအမည်
Naturally Better သဘာဝဆီးချိုသကြားသည် Stevia (စတီးဗီးယား) အရွက်မှ သန့်စင်ထုတ်လုပ်ထားသော သကြားနှင့် သဘာဝအချိုဓာတ်ဖြစ်သော Erythritol (အယ်ရီသရီတော) တို့ ပေါင်းစပ်ပါဝင်သော ၁၀၀% သဘာဝဆီးချိုသကြားဖြစ်ပါသည်။
သုံးစွဲပုံအညွှန်း
Naturally Better သဘာဝ ဆီးချိုသကြား သည် သွေးတွင်းအချိုဓာတ် လုံးဝမတက်စေသည့်အပြင် ပုံမှန်စားနေကျ သကြားထက် ၉၄ % ကယ်လိုရီပါဝင်မှု နည်းသောကြောင့် ဆီးချိုသွေးချိုရောဂါ ရှိသူများနှင့် ကိုယ်အလေးချိန် ထိန်းသိမ်းချင်သူများ အနေဖြင့် ပုံမှန်စားနေကျသကြားနေရာတွင် တူညီသော ပမာဏအတိုင်း အစားထိုး သုံးစွဲနိုင်ပါသည်။
မှတ်ချက်။ ။ပုံမှန်သကြားတစ်ဇွန်း သုံးမည့်နေရာတွင် Naturally Better တစ်ဇွန်းကို အစားထိုး သုံးစွဲနိုင်ပါသည်။
သတိပေးချက်
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ သုံးစွဲလိုလျှင် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာသုံးစွဲရန်။
Stevia နှင့် Stevia အနွယ်ဝင်အပင်များနှင့် ဓာတ်မတည့်သောသူများသောက်သုံးရန်မသင့်ပါ။
ပမာဏများစွာစားသုံးမိလျင် ဝမ်းသွားစေနိုင်သောအာနိသင်ရှိပါသည်။
ဘေးထွက်ဆိုးကျိုး
ဓာတုပစ္စည်းများလုံးဝမပါဝင်ပဲ ၁၀၀% သဘာဝအရင်းအမြစ်မှ ထုတ်လုပ်ထားသောကြောင့် ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းပြီး အချို့အနည်းငယ်သောသုံးစွဲသူများတွင်သာ ခေါင်းမူးခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း တို့ဖြစ်တတ်ပါသည်။ ဘေးထွက်ဆိုးကျိုး မရှိသလောက် နည်းသောကြောင့် နိုင်ငံတကာတွင်လည်း အသုံးအများဆုံး သဘာဝ ဆီးချိုသကြား ဖြစ်ပါသည်။
ထားသိုသိမ်းဆည်းပုံအညွှန်း
ခြောက်သွေ့အေးမြသောနေရာတွင်သိမ်းဆည်းပါ။
အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ
ဆီးချိုသကြား ပမာဏ (၂၅၀)ဂရမ် ပါဝင်သော (Food Paper Can) စက္ကူဘူးဝိုင်းဖြင့် လည်းကောင်း၊
ဆီးချိုသကြား ပမာဏ (၅၀၀)ဂရမ် ပါဝင်သော (Food Paper Can) စက္ကူဘူးဝိုင်းဖြင့် လည်းကောင်း ထုတ်ပိုးထားသည်။
အထုပ်ငယ် တစ်ထုပ်စီတွင် ဆီးချိုသကြား ပမာဏ(၅)ဂရမ် ပါဝင်သော အထုပ်ငယ် (၅၀)ပါ ကတ်ထူစက္ကူဘူး၊ အထုပ်ငယ် (၁၀၀)ပါ ကတ်ထူစက္ကူဘူး ၊ အထုပ်ငယ် (၁၀၀၀)ပါ ကတ်ထူစက္ကူဘူး စသဖြင့် ပုံစံ(၃)မျိုး ထုတ်ပိုးထားသည်။
Naturally Better (သဘာဝဆီးချိုသကြား) မှာ ဘာတွေ ပါဝင်ပါသလဲ။
Naturally Better (သဘာဝဆီးချိုသကြား) ဟာ Stevia (စတီးဗီးယား) အရွက်မှ သန့်စင်ထုတ်လုပ်ထားတဲ့ သကြားနဲ့ သဘာဝအချိုဓာတ်ဖြစ်တဲ့ Erythritol (အယ်ရီသရီတော) တို့ ပေါင်းစပ်ပါဝင်ပါတယ်။
Naturally Better (သဘာဝဆီးချိုသကြား)ကို ထုတ်လုပ်ထားတဲ့ Stevia (စတီးဗီးယား) အရွက်ဆိုတာ ဘာလဲ။
Stevia (စတီးဗီးယား) အရွက်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက တောင်အမေရိကမှာ စတင်တွေ့ရှိခဲ့ပြီး မိမိတို့ရဲ့ နိစ္စဓူဝမှာ သုံးစွဲခဲ့ပါတယ်။ ၁၉၇၁ နောက်ပိုင်းမှာ Stevia (စတီးဗီးယား)အရွက်ကို စီးပွားရေးအရ စတင်ထုတ်လုပ်လာပြီး ချိုမြိန်မှုကို ပေးစွမ်းနိုင်တဲ့ သကြားအစားထိုးအဖြစ် အသုံးပြုလာကြပါတယ်။
Naturally Better ဟာ ပုံမှန်စားနေကျ သကြားနှင့် တူတဲ့အချက်က ဘာတွေရှိပါသလဲ။
Naturally Better နှင့် ပုံမှန်စားနေကျ သကြားတို့ရဲ့ တူတဲ့အချက်ကတော့ ချိုမြိန်မှုအရသာကို ပေးစွမ်းနိုင်ပါတယ်။ သုတေသန တွေ့ရှိချက်များအရ Stevia အရွက်မှ ထုတ်လုပ်ထားတဲ့ သကြားဟာ နိစ္စဓူ၀ စားနေတဲ့ ကြံသကြား (Sucrose)ထက် အဆ (၃၀၀) ကနေ (၅၀၀)အထိ ချိုမြိန်ပါတယ်လို့ တွေ့ရှိထားပါတယ်။
Naturally Better (သဘာဝဆီးချိုသကြား) ဟာ ပုံမှန်စားနေကျ သကြားတွေနှင့် ဘယ်လို ကွာခြားပါသလဲ။
Naturally Better ဟာ ခန္ဓာကိုယ်အတွင်း ဇီဝကမ္မဖြစ်စဉ်များ ဖြစ်ပွားပြီးနောက်တွင် သွေးထဲမှာ သကြားဓာတ်(Glucose)အနေနဲ့ မရှိစေပါဘူး။ ဒါကြောင့် ဆီးချိုသွေးချိုရောဂါသမားများအတွက် အထူးသင့်လျော်ပါတယ်။
Naturally Better ကနေ ပေးစွမ်းနိုင်တဲ့ ကယ်လိုရီ ပမာဏဟာ သုညဖြစ်တဲ့အတွက် ခန္ဓာကိုယ်အတွင်း အဆီပိုများ စုဝေးခြင်းမှ ကင်းဝေးစေနိုင်ပါတယ်။
တခြား သကြားများကဲ့သို့ သွားပိုးစားခြင်းကို မဖြစ်စေနိုင်ပါဘူး။
အခြားသကြားများကို အချိန်ကြာမြင့်စွာနဲ့ ပမာဏမြောက်မြားစွာ သုံးစွဲရင် ခံစားရလေ့ရှိတဲ့ ခေါင်းမူး၊ခေါင်းကိုက်၊ ပျို့အန်ခြင်းနှင့် အခြားကျန်းမာရေး ဆိုးကျိုးများကို မဖြစ်စေနိုင်တဲ့အတွက် ရေရှည် သုံးစွဲနိုင်ပါတယ်။
ယနေ့ခေတ် လူအများ တွင်ကျယ်စွာ သုံးစွဲနေသော သကြားများထက် အပူချိန်မြင့်မားခြင်းဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ဒါကြောင့် အပူချိန် အတက်အကျအလိုက် ပြောင်းလဲမှုမရှိပဲ ချိုမြိန်မှုအရသာကို မူလအရသာအတိုင်း ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။
Naturally Better ရဲ့ Glycemic Index(GI) သွေးတွင်းသကြားဓာတ်ညွှန်းကိန်းက ဘယ်လောက်ရှိပါသလဲ။
သွေးတွင်းသကြားဓာတ်ညွှန်းကိန်း ဆိုတာ အစာစားပြီး ၁နာရီ (သို့မဟုတ်) ၂နာရီအကြာ သွေးတွင်းသကြားဓာတ် မြင့်တက်လာနိုင်ချေကို ဖော်ပြတဲ့ ကိန်းဂဏန်းပဲ ဖြစ်ပါတယ်။ ညွှန်းကိန်း (၅၅)နှင့် အောက်ကို သွေးတွင်းရှိ သကြားဓာတ်ညွှန်းကိန်း နည်းတယ်လို့ဆိုနိုင်ပြီး အဲဒီညွှန်းကိန်းနည်းတဲ့ အစားအစာများဟာ ဆီးချိုသွေးချိုရောဂါဝေဒနာရှင်များအတွက် သုံးစွဲသင့်တဲ့ အစားအစာများပဲဖြစ်ပါတယ်။
Naturally Better (သဘာဝဆီးချိုသကြား) ကိုစားသုံးလိုက်ရင် ဘာကြောင့် ကယ်လိုရီ (Calorie)မတက်တာလဲ။
Naturally Better မှာပါဝင်တဲ့ ပစ္စည်းများဟာချိုမြိန်မှုအရသာကိုသာ ပေးစွမ်းပြီး ခန္ဓာကိုယ်အတွင်းပိုင်းဖြစ်စဉ်များထဲမှာ ကယ်လိုရီကို တက်စေနိုင်တဲ့ အချိုဓာတ်(Glucose) ဂလူးကိုစ့် အဖြစ်သို့ ပြောင်းလဲခြင်းမရှိလို့ပါပဲ။
Naturally Better (သဘာဝဆီးချိုသကြား) မှာပါဝင်တဲ့ Steviol Glycoside ဟာ ခန္ဓာကိုယ်တွင်းမှာ ဘယ်လိုဖြစ်စဉ်မျိုး ဆင့်ပွားဖြစ်စေပါသလဲ။
Naturally Better မှာပါဝင်တဲ့ Steviol Glycoside ဟာ ခံတွင်းမှ အစာအိမ်လမ်းကြောင်းတစ်လျှောက် အစာအိမ်အထိ ၎င်းရဲ့ တည်ဆောက်ပုံများ ပြိုကွဲပြောင်းလဲမှုမရှိပါဘူး။ အူလမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ လူ့အကျိုးပြုပိုးမွှားများမှ ထုတ်လိုက်တဲ့ ဓာတ်ကူပစ္စည်း (Enzyme)တစ်မျိုးက Steviol Glycoside ကို ဖြိုခွဲလိုက်ပြီး ထွက်ရှိလာတဲ့ Glucose (အချိုဓာတ်)ကို လူ့အကျိုးပြုပိုးမွှားများမှ ပြန်လည်အသုံးပြုလိုက်ခြင်းဖြင့် သွေးထဲသို့ အချိုဓာတ်များ မရောက်ရှိစေတော့ပါဘူး။
Naturally Better (သဘာဝဆီးချိုသကြား) မှာပါဝင်တဲ့ Erythritol (အယ်ရီသရီတော) ဟာခန္ဓာကိုယ်တွင်းမှာ ဘယ်လိုဖြစ်စဉ်မျိုး ဆင့်ပွားဖြစ်စေပါသလဲ။
စားသုံးလိုက်တဲ့ Erythritol(အယ်ရီသရီတော)ကို အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရှိတဲ့ လူ့အကျိုးပြုပိုးမွှားများက ပြိုကွဲပျက်စီးအောင် မပြုလုပ်နိုင်ပါဘူး။ ဒါကြောင့် Erythritol (အယ်ရီသရီတော)ဟာ ခန္ဓာကိုယ်အတွင်းမှာ ဇီဝကမ္မဖြစ်စဉ်အရ ဘာမှမရှိဘဲ ဆီးထဲမှ တဆင့် ပြန်လည် စွန့်ထုတ်နိုင်ပါတယ်။
ကိုယ်အလေးချိန်ထိန်းသိမ်းချင်သူများက Naturally Better ကို ဘာကြောင့် သုံးစွဲသင့်ပါသလဲ။
စားသုံးလိုက်တဲ့ ဘယ်ကစီဓာတ်မဆို(ဆန်၊ဂျုံ၊ပေါင်မုန့်၊သကြားအမျိုးမျိုး) ခန္ဓာကိုယ်အတွင်းမှာ ဇီဝကမ္မဖြစ်စဉ် အဆင့်ဆင့်ဖြစ်ပွားပြီး နောက်ဆုံးမှာ အချိုဓာတ်ဖြစ်တဲ့ Glucose (ဂလူးကိုစ့်)ကို ရရှိစေပါတယ်။ အဲဒီ Glucose (ဂလူးကိုစ့်)က လူ့ခန္ဓာကိုယ်ရှိအသည်းထဲမှာ ဇီဝကမ္မဖြစ်စဉ်အမျိုးမျိုးကို ဖြစ်ပေါ်စေပြီး လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင် (ATP)ကို ရရှိစေပါတယ်။
Naturally Better (သဘာဝဆီးချိုသကြား) ကို တစ်နေ့လျှင် ပမာဏအားဖြင့် အများဆုံး ဘယ်လောက်သုံးစွဲနိုင်ပါသလဲ။
၁၃၀ ပေါင်အလေးချိန်ရှိတဲ့ လူတစ်ယောက်ဟာ Steviol Glycoside ပါဝင်တဲ့ Naturally Better ကို တစ်နေ့လျှင် အများဆုံး 48 Spoons အများဆုံးစားသုံးနိုင်ပါတယ်။
Naturally Better (သဘာဝဆီးချိုသကြား) ကို နိစ္စဓူ၀ ဟင်းချက်ရာမှာ၊ မြန်မာမုန့်များနှင့် အခြားသော မုန့်အမျိုးမျိုးပြုလုပ်ရာမှာ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသလား။
ဓာတုဗေဒနည်းပညာဖြင့် ထုတ်လုပ်ထားပြီး ချိုမြိန်မှုအရသာကို ပေးစွမ်းနိုင်တဲ့ သကြားအစားထိုးသကြားများထက် Naturally Better ဟာ အပူချိန်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိပါတယ်။
Naturally Better ဟာ Stevia (စတီးဗီးယား) အရွက်မှသန့်စင်ထုတ်လုပ်ထားတဲ့ Steviol Glycoside နဲ့ သဘာဝအချိုဓာတ်ဖြစ်တဲ့ Erythritol (အယ်ရီသရီတော) နဲ့ ဘာကြောင့်ပေါင်းစပ်ထားပါသလဲ။
Naturally Better မှာပါဝင်တဲ့ သဘာဝမှ ထုတ်ယူထားတဲ့ ပါဝင်ပစ္စည်းနှစ်မျိုးကို တစ်ခုနဲ့တစ်ခု ပေါင်းစပ်လိုက်ခြင်းဖြင့် Naturally Better ရဲ့ အာနိသင်ရော၊ အရသာကိုပါ ပိုမိုကောင်းမွန်စွာ ပေးစွမ်းနိုင်လို့ပဲဖြစ်ပါတယ်။
Naturally Better ဟာ သွားနှင့်ခံတွင်းကျန်းမာရေးအပေါ် ထိခိုက်နိုင်မှုရှိပါသလား။
ခံတွင်းအတွင်းမှာရှိတဲ့ ဘက်တီးရီးယားများဟာ တစ်နေ့တာစားသောက်လိုက်တဲ့ အစားအသောက်များကို ၎င်းတို့ရဲ့ အာဟာရရင်းမြစ်အဖြစ် သုံးစွဲကြပါတယ်။ ဒါကြောင့် နောက်ဆက်တွဲအနေနဲ့ သွားပိုးစားတာတွေ၊ သွားဖုံးယောင်ခြင်းများကို ဖြစ်စေတတ်ပါတယ်။
ဆီးချိုသွေးချို ရောဂါများအပေါ် Stevia (စတီးဗီးယား) ရဲ့ ထူးခြားတဲ့ သုတေသနတွေ့ရှိချက်တွေ ရှိပါသလား။
နိုင်ငံတကာအသီးသီးမှာ ပြုလုပ်ခဲ့တဲ့ နောက်ဆုံးပေါ်တွေ့ရှိချက်များကတော့ အင်ဆူလင်ဟော်မုန်း နည်းပါးမှုကြောင့် နောက်ဆက်တွဲဖြစ်လာတဲ့ ဆီးချိုသွေးချိုရောဂါမှာ Stevia (စတီးဗီးယား)ဟာ အဲဒီအင်ဆူလင်ဟော်မုန်းထွက်ရှိမှုကို များပြားစေပါတယ်။ အင်ဆူလင်ဟော်မုန်းထွက်ရှိတဲ့ မုတ်ချိုအိတ်(Pancreas) ကို ပြန်လည်နုပျိုလန်းဆန်းစေတဲ့အပြင် လုပ်ငန်းဆောင်တာများကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။
Stevia (စတီးဗီးယား)အရွက်မှ သန့်စင်ထုတ်လုပ်ထားတဲ့ Steviol Glycoside ရဲ့ ဆိုးကျိုးများက ဘာတွေရှိပါသလဲ။
Journal of Biology, Agriculture and Healthcare (2014) မှာ ဖော်ပြထားတဲ့ သုတေသနတွေ့ရှိချက်များအရ Steviol Glycoside နှင့် ၎င်းတို့နှင့် ထုတ်လုပ်ထားတဲ့ ပစ္စည်းများကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ကြောင်း ကျန်းမာရေးရှုထောင့်မှနေ၍ အခိုင်အမာပြောဆိုထားပါတယ်။





