အသည်းရောင်အသားဝါဘီရောဂါလက္ခဏာများ 

📌အသည်းရောင်အသားဝါဘီပိုး ကူးစက်ခံရတဲ့သူတွေအများစု ၉၀ ရာခိုင်နှုန်းလောက်ဟာ ဘာရောဂါလက္ခဏာမှမပြပါဘူး။

📍ဘီပိုးဝင်လို့ရောဂါလက္ခဏာပြတယ်ဆိုတာက အသည်းထဲကိုဝင်လာတဲ့ ဘီပိုးတွေကို ခန္ဓာကိုယ်က ခုခံအားအပြည့်နဲ့ တိုက်ခိုက်လို့ အသည်းဆဲလ်ေ တွ ပျက်စီးပြီး အသားဝါတာ စတဲ့ အသည်းရောင်လက္ခဏာတွေကို ခံစားရတာပါ။

👉 လူ့ခန္ဓာကိုယ်က ကိုယ်ခံအားပြည့်ပြီး ဝင်လာတဲ့ဘီပိုးကို တိုက်ခိုက်တာများရင် ရောဂါလက္ခဏာပေါ်မှာပေါ့။ ကိုယ်ခံအားနည်းရင် ရောဂါလက္ခဏာ မပေါ်ဘူးပေါ့။ ဒါ့ကြောင့်မို့လို့ ကလေးတွေကို ဘီပိုးကူး စက်တယ်ဆိုရင် ကလေးတွေမှာ ကိုယ်ခံအားနည်းတဲ့အတွက်

အသည်းရောင်အသားဝါဘီရောဂါလက္ခဏာများ

အသည်းရောင်အသားဝါဘီရောဂါလက္ခဏာများ

 ဘာရောဂါ လက္ခဏာမှ မပေါ်ဘဲနဲ့ နာတာရှည်ပိုးသယ်ဆောင်သူတွေ ဖြစ်သွား တတ်တယ်။

📌 ဒါ့ကြောင့် ဘီပိုးရောဂါခံစားရတဲ့သူတွေမှာ အသားတွေဝါမယ်၊ရောဂါ လက္ခဏာတွေ ပြင်းထန်မယ်ဆိုရင် အဲဒီလူမှာ ဘီပိုးကိုအောင်အော င်မြင်မြင်တိုက်ခိုက်နိုင်ပြီးနာတာရှည်ပိုးသယ်ဆောင်တဲ့သူမဖြစ်နိုင်ဘူးပေါ့

📍သွေးစစ်ကြည့်လို့ ဘီပိုးတော့ဝင်မှန်းသိတယ်။ ဒါပေမယ့် မျက်လုံး လည်း မဝါ၊ ဘာရောဂါလက္ခဏာမှလည်း မပြဘူးဆိုရင်တော့ အဲဒီလူရဲ့ ဘီပိုးကို တိုက်ခိုက်နိုင်တဲ့ ကိုယ်ခံအားနည်းမယ်လို့ယူဆရမယ်။ ဒါ့ကြောင့် ဝင်ပြီးသားဘီပိုးဟာ ထွက်မသွားတော့ဘဲ နာတာရှည်ဘီပိုး သယ်ဆောင် သူ ဖြစ်သွားဖို့ ရာခိုင်နှုန်းများပါတယ်။

⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️⬛️

🌟မှတ်ချက်။ ။ ပါမောက္ခခင်မောင်ဝင်း(အသည်း) ရေးသားသော “အသည်းရေင်အသားဝါ ဘီရောဂါ ကုလို့ရပါပြီ နှင့် အသည်းရောင်အသားဝါ စီပိုး လုံးဝပျောက်ကင်းအောင် ကုလို့ရပါပြီ” စာအုပ်မှ ထုတ်နှုတ်ဖော်ပြထားပါသည်။

Presented By #LiveUp #အသည်းအားဆေး

www.zifammyanmar.com


Related Posts