ကိုယ်ဝန်ဆောင်ချိန်မှာ ခါးမနာအောင်ဘယ်လိုနေထိုင်ရမလဲ။

👎ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်းဝေဒနာ ခံစားရရင် မိခင်တွေအနေနဲ့ အိပ်ရာထဲမှာနားတာကိုပြုလုပ်လေ့ရှိပါတယ်။ အိပ်ရာထဲမှာ ကြာရှည်စွာနားနေခြင်းဟာ ခါးနာကိုမသက်သာစေတဲ့အပြင် တစ်ခါတစ်ရံမှာ ပိုပြီးတော့တောင်ဆိုးသွားစေပါတယ်။

ဒါ့ကြောင့် ခါးမနာအောင်ဘယ်လိုနေထိုင်ရမလဲဆိုတာ မေမေတို့ကို မျှဝေပေးလိုက်ပါတယ်နော်။

👉 လေ့ကျင့်ခန်းလုပ်တာဟာ ခါးနာခြင်းကိုသက်သာစေပါတယ်။

ကိုယ်ဝန်ဆောင်မေမေတွေ ခါးမနာအောင်ဘယ်လိုနေထိုင်ရမလဲ။

ကိုယ်ဝန်ဆောင်မေမေတွေ ခါးမနာအောင်ဘယ်လိုနေထိုင်ရမလဲ။

ဒါပေမယ့် အချို့မိခင်တွေမှာဆိုရင် ဆရာဝန်က သိပ်ပြီးလှုပ်လှုပ်ရှားရှားမလုပ်ဖို့
မှာထားတာတွေရှိနိုင်ပါတယ်။ အဲဒီလို အခြေအနေမျိုးဆိုရင်တော့ ဆရာဝန်ကို သင့်တော်တဲ့လေ့ကျင့်ခန်းကိုညွှန်ပြပေးဖို့ ဆွေးနွေးမေးမြန်းနိုင်ပါတယ်။

လေ့ကျင့်ခန်းအနေနဲ့ကတော့ ရေကူးတာ၊ လမ်းလျောက်တာ၊ အကြောလျော့လေ့ကျင့်ခန်းလုပ်တာ၊ ယောဂလေ့ကျင့်ခန်းလုပ်တာ စတာတွေကိုစနစ်တကျပြုလုပ်နိုင်ပါတယ်။

👉 မတ်မတ်ရပ်ပါ။ ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ဗိုက်ပိုပူလာတဲ့အတွက် မိခင်တွေဟာ ခါးကုန်းသွားတတ်ပါတယ်။ ခါးကုန်းတဲ့အခါ ကျောမှာရှိတဲ့ကြွက်သားတွေပိုဒဏ်ဖြစ်စေပါတယ်။ 
ဒါ့ကြောင့် ထိုင်တာပဲဖြစ်ဖြစ်၊ မတ်တက်ရပ်တာပဲဖြစ်ဖြစ် ခါးကိုမတ်မတ်ထားဖို့
အရေးကြီးပါတယ်။

👉 အလေးအပင်ပစ္စည်းတွေကို မ.ခြင်းမှရှောင်ကြည်ပါ။ ပစ္စည်းတစ်ခုခုကို ကြမ်းပြင်မှကောက်ရင်လည်း ထိုင်ပြီးမှကောက်ယူပါ။ ခါးကုန်းပြီးမကောက်သင့်ပါ။

👉 ဒေါက်မြင့်ဖိနပ် အစား ခြေညှက်ဖိနပ်၊ ဒါမှမဟုတ် ဂွင်းထိုးဖိနပ်ကိုစီးပေးပါ။

👉 အိပ်စက်ရာမှာလည်း မွေ့ယာပျော့လွန်းရင် ခါးနာတတ်ပါတယ်။ ဒါ့ကြောင့် မွေ့ရာမာမာနဲ့အိပ်သင့်ပါတယ်။ မွေ့ရာပျော့ပေါ်မှာလည်း မာတဲ့အရာတစ်ခုခုခံပြီးအိပ်နိုင်ပါတယ်။ ဘေးတစောင်းအိပ်ပေးပါ။

👉 ကိုယ်ဝန်လရင့်လာတာနဲ့အမျှ လုံလောက်တဲ့အနားယူမှုရှိဖို့လိုအပ်ပါတယ်။ 
သင့်တင့်တဲ့အနားယူခြင်းဟာလည်း ခါးနာခြင်းကိုသက်သာစေပါတယ်။

Presented By #Natocare

www.zifammyanmar.com

 

Unicode Version












Presented By #Natocare

www.zifammyanmar.com


Related Posts