📌 ဓမ္မတာလာစဉ် လေ့ကျင့်ခန်း လုပ်လို့ရလား …

✅ အမျိုးသမီးတွေဟာ အပျိုဖော်ဝင်လာရင် ဓမ္မတာနဲ့ ပတ်သက်ပြီး နာကျင်၊ ကိုက်ခဲမှုဝေဒနာကို အနည်းနဲ့အများ ခံစားကြရပါတယ် …
 
✅ ရာသီလာစဉ် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေကို မလုပ်ဆောင်ဘဲ Yoga နှင့် အသက်ရှူလေ့ကျင့်ခန်း ဖြစ်တဲ့ Cobra, Cat, Cow,  Fish Yoga လေ့ကျင့်ခန်းတွေကတော့ ဓမ္မတာသက်သာစေဖို့ လုပ်ဆောင်ကြည့်သင့်တဲ့ လေ့ကျင့်ခန်းအနေအထား Yoga Poses တွေပဲ ဖြစ်ပါတယ် …  
 
✅ အချိန်အားဖြင့် တစ်မျိုးကို အနည်းဆုံး စက္ကန့် (၃၀) ကနေ စက္ကန့် (၆၀) လောက် လုပ်ပေးသင့်ပါတယ် …
 
❤️ ဒီလို Yoga ဆော့ပေးခြင်းဖြင့် စိတ်ဖိစီးမှု Stress ကို သက်သာစေနိုင်ခြင်း၊ Flexibility ကို ကောင်းမွန်စေခြင်းနဲ့ ကြွက်သားတွေကို သန်မာစေခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ် …
 
✅ ဓမ္မတာ မများတဲ့နေ့တွေမှာတော့ အသင့်အတင့် Aerobic လေ့ကျင့်ခန်းတွေဖြစ်တဲ့ လမ်းလျှောက်တာ၊ ပေါ့ပေါ့ပါးပါး ပြေးတာ (Light Jogging) စတာတွေကို လုပ်ဆောင်လို့ရပါတယ် …
 
✅ လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်မယ်ဆိုရင် ကိုယ်ခန္ဓာအနှံ့ သွေးလည်ပတ်မှုကို ကောင်းစေပြီး  Endorphins ဟော်မုန်းကို ထွက်စေတဲ့အတွက် နာကျင်ကိုက်ခဲမှုကို သက်သာစေသလို စိတ်ပိုင်းဆိုင်ရာ Mood အခြေအနေကိုလည်း ကောင်းမွန်စေပါတယ် …
 
✅ (၂၀၀၈) ခုနှစ်က ထွက်ရှိထားတဲ့ Sport Medicine ဂျာနယ်အရ လေ့ကျင့်ခန်းပုံမှန်လုပ်ဆောင်တာဟာ ဓမ္မတာ နာကျင်ကိုက်ခဲမှုကို သက်သာစေတဲ့နေရာမှာ Effective ဖြစ်ပြီး အကျိုးရှိတဲ့အပြင် နာကျင်မှုကို သက်သာစေဖို့ ဆေးဝါးတွေ သောက်သုံးရတာကိုတောင် လျော့နည်းစေနိုင်တယ်လို့ ပြောကြားထားပါတယ် …
 
❤️ ဒါကြောင့် Eposoft Fans တို့လည်း ဓမ္မတာနာကျင်ကိုက်ခဲမှု သက်သာစေဖို့ လေ့ကျင့်ခန်းလုပ်ဆောင်လို့ရတဲ့အကြောင်း ဗဟုသုတ ဝေမျှပေးလိုက်ပါတယ်ရှင်…
 
📌 ဒီအစီအစဉ်ကို သင့်တစ်လတာကို လန်းဆန်းစွာဖြတ်ကျော်ပါ Eposoft မှ ကျန်းမာရေးဗဟုသုတရရှိစေရန် ရည်ရွယ်၍ တင်ဆက်ပေးထားခြင်းဖြစ်ပါသည်။
 
References;
 
Daley, A. J., 2008. Exercise and Primary Dysmenorrhea. , 38 (8 ), pp. 659-670.
NCH, 2014. ’ . [Online]
Available at: https://www.nationwidechildrens.org/…/yoga-exercises…
[Accessed 10 August 2023].
 
#menstruation
#menstrualexercise #ReliefMenstrualPain
#menstrualhealth #menstrualpain
#သင့်တစ်လတာကိုလန်းဆန်းစွာဖြတ်ကျော်ပါ။ #eposoft
#Zifam #CaringforWellbeing
 

Related Posts