ပုံမှန် အမျိုးသမီးတစ်ယောက်ဟာ ဓမ္မတာလာရင် ရာသီသွေး ဘယ်လောက်များပါသလဲ? ဘယ်လောက်ပမာဏဆိုရင် ရာသီသွေးဆင်းတာ နည်းတယ်၊ များတယ်လို့ ပြောနိုင်ပါလဲ?

 📌ပုံမှန် အမျိုးသမီးတစ်ယောက်ဟာ ဓမ္မတာလာရင် ရာသီသွေး ဘယ်လောက်များပါသလဲ? ဘယ်လောက်ပမာဏဆိုရင် ရာသီသွေးဆင်းတာ နည်းတယ်၊ များတယ်လို့ ပြောနိုင်ပါလဲ?

ရာသီသွေးနည်းတယ်များတယ်ဆိုတာဘယ်လိုသိနိုင်မလဲ

———————————————————————
📌ပျမ်းမျှအားဖြင့် ရာသီတစ်ခါလာရင် ၄၀ စီစီ (လက်ဖက်ရည် အကြမ်းပန်းကန်တစ်လုံးလောက်နီးပါး) လာတတ်ပါတယ်။

📌တစ်ယောက်နဲ့တစ်ယောက်လည်း မတူသလို ဘယ်လောက်လာတယ်ဆိုတာကို သိဖို့တိုင်းတာဖို့ဆိုတာအရမ်းခက်ခဲပါတယ်sisတို့ရေ

📌၈၀ စီစီထက် ပိုရင်တော့အဲဒီအခြေအနေကိုရာသီသွေးများတယ်လို့ပြောနိုင်ပါတယ်။

📌ဒါပေမဲ့လည်း တကယ်တမ်း ရာသီလာတဲ့ သွေးပမာဏကို တိုင်းတာဖို့ဆိုတာ အရမ်း ခက်ခဲတာကြောင့် အမျိုးသမီးတွေဟာ သူတို့ပုံမှန်အသုံးပြုနေတဲ့ အမျိုးသမီးသုံး လစဉ်ပစ္စည်းတွေ ပိုသုံးရတာတွေ၊ အတုံးအခဲလေးပါလာတာမျိုး ဖြစ်ရင်တော့ ရာသီသွေးဆင်းတာ များတယ် ဆိုပြီး ခန့်မှန်းနိုင်ပါတယ်။

📌ရာသီသွေးပမာဏ အနည်းအများဆိုတာ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အမြင်နဲ့ ခံစားချက်တွေ မတူတဲ့အတွက် ရာသီသွေးဆင်းတာများလား၊ နည်းလား အတိအကျသတ်မှတ်ဖို့မလွယ်ကူပါဘူးနော်
#Eposoft #ReliefMenstrualPain
www.zifammyanmar.com

 


Related Posts