Naturally Betterနဲ့ပက်သက်ပြီးအမေးများသော မေးခွန်းများ

Naturally Better မှာ ဘာတွေ ပါဝင်ပါသလဲ။
Naturally Better ဟာ Stevia (စတီးဗီးယား) အရွက်မှ သန့်စင်ထုတ်လုပ်ထားတဲ့ သကြားနဲ့ သဘာဝအချိုဓာတ်ဖြစ်တဲ့ Erythritol (အယ်ရီသရီတော) တို့ ပေါင်းစပ်ပါဝင်ပါတယ်။

Naturally Better ကို ထုတ်လုပ်ထားတဲ့ Stevia (စတီးဗီးယား) အရွက်ဆိုတာ ဘာလဲ။
Stevia (စတီးဗီးယား) အရွက်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော်ကတည်းက တောင်အမေရိကမှာ စတင်တွေ့ရှိခဲ့ပြီး မိမိတို့ရဲ့ နိစ္စဓူဝမှာ သုံးစွဲခဲ့ပါတယ်။ ၁၉၇၁ နောက်ပိုင်းမှာ Stevia (စတီးဗီးယား)အရွက်ကို စီးပွားရေးအရ စတင်ထုတ်လုပ်လာပြီး ချိုမြိန်မှုကို ပေးစွမ်းနိုင်တဲ့ သကြားအစားထိုးအဖြစ် အသုံးပြုလာကြပါတယ်။ အခုဆိုရင် နိုင်ငံတကာအသီးသီးမုာလည်း Stevia (စတီးဗီးယား)အရွက်မှ ထုတ်လုပ်သန့်စင်ထားတဲ့ သကြားများကို နယ်ပယ်အသီးသီးမှာ ကျန်းမာရေးကောင်းကျိုးများစွာနှင့်အတူ အသုံးပြုနေကြပါပြီ။

Naturally Better ဟာ ပုံမှန်စားနေကျ သကြားနှင့် တူတဲ့အချက်က ဘာတွေရှိပါသလဲ။
Naturally Better နှင့် ပုံမှန်စားနေကျ သကြားတို့ရဲ့ တူတဲ့အချက်ကတော့ ချိုမြိန်မှုအရသာကို ပေးစွမ်းနိုင်ပါတယ်။ သုတေသန တွေ့ရှိချက်များအရ Stevia အရွက်မှ ထုတ်လုပ်ထားတဲ့ သကြားဟာ နိစ္စဓူ၀ စားနေတဲ့ ကြံသကြား (Sucrose)ထက် အဆ (၃၀၀) ကနေ (၅၀၀)အထိ ချိုမြိန်ပါတယ်လို့ တွေ့ရှိထားပါတယ်။ ဒါပေမယ့် Naturally Better တစ်ဇွန်းကို ပုံမှန် သကြားတစ်ဇွန်းမှာ ပါတဲ့ အချိုဓာတ် အတိုင်းဖြစ်အောင် ထုတ်လုပ်ထားပါတယ်။

Naturally Better ဟာ ပုံမှန်စားနေကျ သကြားတွေနှင့် ဘယ်လို ကွာခြားပါသလဲ။
 Naturally Better ဟာ ခန္ဓာကိုယ်အတွင်း ဇီဝကမ္မဖြစ်စဉ်များ ဖြစ်ပွားပြီးနောက်တွင် သွေးထဲမှာ သကြားဓာတ်(Glucose)အနေနဲ့ မရှိစေပါဘူး။ ဒါကြောင့် ဆီးချိုသွေးချိုရောဂါသမားများအတွက် အထူးသင့်လျော်ပါတယ်။
 Naturally Better ကနေ ပေးစွမ်းနိုင်တဲ့ ကယ်လိုရီ ပမာဏဟာ သုညဖြစ်တဲ့အတွက် ခန္ဓာကိုယ်အတွင်း အဆီပိုများ စုဝေးခြင်းမှ ကင်းဝေးစေနိုင်ပါတယ်။
 တခြား သကြားများကဲ့သို့ သွားပိုးစားခြင်းကို မဖြစ်စေနိုင်ပါဘူး။
 အခြားသကြားများကို အချိန်ကြာမြင့်စွာနဲ့ ပမာဏမြောက်မြားစွာ သုံးစွဲရင် ခံစားရလေ့ရှိတဲ့ ခေါင်းမူး၊ခေါင်းကိုက်၊ ပျို့အန်ခြင်းနှင့် အခြားကျန်းမာရေး ဆိုးကျိုးများကို မဖြစ်စေနိုင်တဲ့အတွက် ရေရှည် သုံးစွဲနိုင်ပါတယ်။
 ယနေ့ခေတ် လူအများ တွင်ကျယ်စွာ သုံးစွဲနေသော သကြားများထက် အပူချိန်မြင့်မားခြင်းဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ဒါကြောင့် အပူချိန် အတက်အကျအလိုက် ပြောင်းလဲမှုမရှိပဲ ချိုမြိန်မှုအရသာကို မူလအရသာအတိုင်း ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။

Naturally Better ရဲ့ Glycemic Index(GI) သွေးတွင်းသကြားဓာတ်ညွှန်းကိန်းက ဘယ်လောက်ရှိပါသလဲ။
သွေးတွင်းသကြားဓာတ်ညွှန်းကိန်း ဆိုတာ အစာစားပြီး ၁နာရီ (သို့မဟုတ်) ၂နာရီအကြာ သွေးတွင်းသကြားဓာတ် မြင့်တက်လာနိုင်ချေကို ဖော်ပြတဲ့ ကိန်းဂဏန်းပဲ ဖြစ်ပါတယ်။ ညွှန်းကိန်း (၅၅)နှင့် အောက်ကို သွေးတွင်းရှိ သကြားဓာတ်ညွှန်းကိန်း နည်းတယ်လို့ဆိုနိုင်ပြီး အဲဒီညွှန်းကိန်းနည်းတဲ့ အစားအစာများဟာ ဆီးချိုသွေးချိုရောဂါဝေဒနာရှင်များအတွက် သုံးစွဲသင့်တဲ့ အစားအစာများပဲဖြစ်ပါတယ်။ တစ်နေ့တာစားသုံးနေတဲ့ ပုံမှန်သကြား/ကြံသကြား မှာပါဝင်တဲ့ Sucrose ရဲ့ သွေးတွင်းသကြားဓာတ်ညွှန်းကိန်းက (၆၈) ရှိပြီး Stevia ရဲ့ သွေးတွင်းသကြားဓာတ်ညွှန်းကိန်း က သုညနှင့် Erythritol (အယ်ရီသရီတော) ရဲ့ သွေးတွင်းသကြားဓာတ်ညွှန်းကိန်းက (၁) ပဲရှိပါတယ်။

Naturally Better ကိုစားသုံးလိုက်ရင် ဘာကြောင့် ကယ်လိုရီ(Calorie)မတက်တာလဲ။
Naturally Better မှာပါဝင်တဲ့ ပစ္စည်းများဟာချိုမြိန်မှုအရသာကိုသာ ပေးစွမ်းပြီး ခန္ဓာကိုယ်အတွင်းပိုင်းဖြစ်စဉ်များထဲမှာ ကယ်လိုရီကို တက်စေနိုင်တဲ့ အချိုဓာတ်(Glucose) ဂလူးကိုစ့် အဖြစ်သို့ ပြောင်းလဲခြင်းမရှိလို့ပါပဲ။

Naturally Better မှာပါဝင်တဲ့ Steviol Glycoside ဟာ ခန္ဓာကိုယ်တွင်းမှာ ဘယ်လိုဖြစ်စဉ်မျိုး ဆင့်ပွားဖြစ်စေပါသလဲ။
Naturally Better မှာပါဝင်တဲ့ Steviol Glycoside ဟာ ခံတွင်းမှ အစာအိမ်လမ်းကြောင်းတစ်လျှောက် အစာအိမ်အထိ ၎င်းရဲ့ တည်ဆောက်ပုံများ ပြိုကွဲပြောင်းလဲမှုမရှိပါဘူး။ အူလမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ လူ့အကျိုးပြုပိုးမွှားများမှ ထုတ်လိုက်တဲ့ ဓာတ်ကူပစ္စည်း (Enzyme)တစ်မျိုးက Steviol Glycoside ကို ဖြိုခွဲလိုက်ပြီး ထွက်ရှိလာတဲ့ Glucose (အချိုဓာတ်)ကို လူ့အကျိုးပြုပိုးမွှားများမှ ပြန်လည်အသုံးပြုလိုက်ခြင်းဖြင့် သွေးထဲသို့ အချိုဓာတ်များ မရောက်ရှိစေတော့ပါဘူး။ ဒါကြောင့်မို့ ဆီးချိုသွေးချိုရောဂါဝေဒနာရှင်များက Naturally Better ကို မိမိတို့ တစ်နေ့တာ လိုအပ်တဲ့ အချိုဓာတ်အတွက် အစားထိုးပြီး အသုံးပြုနိုင်ပါတယ်။ ခန္ဓာကိုယ်ရှိ အသည်းမှာ ဆင့်ပွားပြိုကွဲမှုများဖြစ်စေပြီး နောက်ဆုံးမှာတော့ ဆီးမှတဆင့် ပြန်လည် စွန့်ထုတ်လိုက်ပါတယ်။

Naturally Better မှာပါဝင်တဲ့ Erythritol (အယ်ရီသရီတော) ဟာခန္ဓာကိုယ်တွင်းမှာ ဘယ်လိုဖြစ်စဉ်မျိုး ဆင့်ပွားဖြစ်စေပါသလဲ။
စားသုံးလိုက်တဲ့ Erythritol(အယ်ရီသရီတော)ကို အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရှိတဲ့ လူ့အကျိုးပြုပိုးမွှားများက ပြိုကွဲပျက်စီးအောင် မပြုလုပ်နိုင်ပါဘူး။ ဒါကြောင့် Erythritol (အယ်ရီသရီတော)ဟာ ခန္ဓာကိုယ်အတွင်းမှာ ဇီဝကမ္မဖြစ်စဉ်အရ ဘာမှမရှိဘဲ ဆီးထဲမှ တဆင့် ပြန်လည် စွန့်ထုတ်နိုင်ပါတယ်။ ဒါကြောင့် သွေးထဲသို့ အချိုဓာတ်များ မရောက်ရှိစေဘဲ ချိုမြိန်တဲ့အရသာကိုသာ ပေးစွမ်းနိုင်လို့ ဆီးချိုသွေးချိုရောဂါဝေဒနာရှင်များက Naturally Better ကို မိမိတို့ တစ်နေ့တာ စားသုံးနေတဲ့ သကြားအစားထိုးပြီး အသုံးပြုနိုင်ပါတယ်။

ကိုယ်အလေးချိန်ထိန်းသိမ်းချင်သူများက Naturally Better ကို ဘာကြောင့် သုံးစွဲသင့်ပါသလဲ။
စားသုံးလိုက်တဲ့ ဘယ်ကစီဓာတ်မဆို(ဆန်၊ဂျုံ၊ပေါင်မုန့်၊သကြားအမျိုးမျိုး) ခန္ဓာကိုယ်အတွင်းမှာ ဇီဝကမ္မဖြစ်စဉ် အဆင့်ဆင့်ဖြစ်ပွားပြီး နောက်ဆုံးမှာ အချိုဓာတ်ဖြစ်တဲ့ Glucose (ဂလူးကိုစ့်)ကို ရရှိစေပါတယ်။ အဲဒီ Glucose (ဂလူးကိုစ့်)က လူ့ခန္ဓာကိုယ်ရှိအသည်းထဲမှာ ဇီဝကမ္မဖြစ်စဉ်အမျိုးမျိုးကို ဖြစ်ပေါ်စေပြီး လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင် (ATP)ကို ရရှိစေပါတယ်။ အဲလို ဖြစ်စဉ်ရဲ့ လမ်းကြောင်းကနေ အဆီဓာတ်ဖြစ်တဲ့(Fatty Acid)ကို တည်ဆောက်နိုင်ပြီး အဆီတစ်ရှူးလို့ခေါ်တဲ့ (Adipose Tissue) မှာ သွားရောက်စုဝေးခြင်းဖြင့် လူတစ်ယောက်က တဖြည်းဖြည်းနဲ့ ဝစေနိုင်ပါတယ်။ ဒါပေမဲ့ Naturally Better ဟာ ခန္ဓာကိုယ်ရဲ့အတွင်းပိုင်း ဇီဝကမ္မဖြစ်စဉ်များမှာ တခြားကစီဓာတ်ကဲ့သို့ အချိုဓာတ်ဖြစ်တဲ့ Glucose (ဂလူးကိုစ့်)ကို မဖြစ်စေနိုင်တဲ့အတွက်ကြောင့် ကိုယ်အလေးချိန်ထိန်းသိမ်းချင်သူများက နေ့စဉ်သုံးစွဲခြင်းနေကျ သကြားအစား Naturally Better ကို သုံးစွဲခြင်းဖြင့် မိမိရဲ့ ကိုယ်ခန္ဓာအလေးချိန်ကို ထိန်းသိမ်းနိုင်ပြီး ပိုမိုကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံ (Healthy Lifestyle)ကို ရရှိစေမှာဖြစ်ပါတယ်။

Naturally Better ကို တစ်နေ့လျှင် ပမာဏအားဖြင့် အများဆုံး ဘယ်လောက်သုံးစွဲနိုင်ပါသလဲ။
၁၃၀ ပေါင်အလေးချိန်ရှိတဲ့ လူတစ်ယောက်ဟာ Steviol Glycoside ပါဝင်တဲ့ Naturally Better ကို တစ်နေ့လျှင် အများဆုံး 48 Spoons အများဆုံးစားသုံးနိုင်ပါတယ်။

Naturally Better ကို နိစ္စဓူ၀ ဟင်းချက်ရာမှာ၊ မြန်မာမုန့်များနှင့် အခြားသော မုန့်အမျိုးမျိုးပြုလုပ်ရာမှာ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသလား။
ဓာတုဗေဒနည်းပညာဖြင့် ထုတ်လုပ်ထားပြီး ချိုမြိန်မှုအရသာကို ပေးစွမ်းနိုင်တဲ့ သကြားအစားထိုးသကြားများထက် Naturally Better ဟာ အပူချိန်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိပါတယ်။ အပူချိန်မြင့်မားလျှင် နောက်ဆက်တွဲအနေနဲ့ဖြစ်ပွားတတ်တဲ့ ဆိုးကျိုးများဖြစ်တဲ့ အချိုဓာတ်လျော့နည်းခြင်း၊ မုန့်သားများပေါ်တွင် အစိုပြန်ခြင်းများ မဖြစ်စေတဲ့အတွက်ကြောင့် Naturally Better ကို ဟင်းချက်ရာမှာ၊ မုန့်အမျိုးမျိုးပြုလုပ်ရာမှာ ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။

ဘာကြောင့် Naturally Better ဟာ Stevia (စတီးဗီးယား) အရွက်မှသန့်စင်ထုတ်လုပ်ထားတဲ့ Steviol Glycoside နဲ့ သဘာဝအချိုဓာတ်ဖြစ်တဲ့ Erythritol (အယ်ရီသရီတော) နဲ့ ဘာကြောင့်ပေါင်းစပ်ထားပါသလဲ။
Naturally Better မှာပါဝင်တဲ့ သဘာဝမှ ထုတ်ယူထားတဲ့ ပါဝင်ပစ္စည်းနှစ်မျိုးကို တစ်ခုနဲ့တစ်ခု ပေါင်းစပ်လိုက်ခြင်းဖြင့် Naturally Better ရဲ့ အာနိသင်ရော၊ အရသာကိုပါ ပိုမိုကောင်းမွန်စွာ ပေးစွမ်းနိုင်လို့ပဲဖြစ်ပါတယ်။

Naturally Better ဟာ သွားနှင့်ခံတွင်းကျန်းမာရေးအပေါ် ထိခိုက်နိုင်မှုရှိပါသလား။
ခံတွင်းအတွင်းမှာရှိတဲ့ ဘက်တီးရီးယားများဟာ တစ်နေ့တာစားသောက်လိုက်တဲ့ အစားအသောက်များကို ၎င်းတို့ရဲ့ အာဟာရရင်းမြစ်အဖြစ် သုံးစွဲကြပါတယ်။ ဒါကြောင့် နောက်ဆက်တွဲအနေနဲ့ သွားပိုးစားတာတွေ၊ သွားဖုံးယောင်ခြင်းများကို ဖြစ်စေတတ်ပါတယ်။ ဒါပေမဲ့ Naturally Better မှာ ပါဝင်တဲ့ Stevia (စတီးဗီးယား)ဟာ သွားပိုးစားခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်ပါတယ်။ ဒါကြောင့် Naturally Better ကိုသုံးစွဲခြင်းဖြင့် သွားပိုးစားခြင်းနှင့် သွားနှင့် ခံတွင်း ကျန်းမာရေးအပေါ်ထိခိုက်မှုမရှိနိုင်ပါဘူး။

ဆီးချိုသွေးချို ရောဂါများအပေါ် Stevia (စတီးဗီးယား) ရဲ့ ထူးခြားတဲ့ သုတေသနတွေ့ရှိချက်တွေ ရှိပါသလား။
နိုင်ငံတကာအသီးသီးမှာ ပြုလုပ်ခဲ့တဲ့ နောက်ဆုံးပေါ်တွေ့ရှိချက်များကတော့ အင်ဆူလင်ဟော်မုန်း နည်းပါးမှုကြောင့် နောက်ဆက်တွဲဖြစ်လာတဲ့ ဆီးချိုသွေးချိုရောဂါမှာ Stevia (စတီးဗီးယား)ဟာ အဲဒီအင်ဆူလင်ဟော်မုန်းထွက်ရှိမှုကို များပြားစေပါတယ်။ အင်ဆူလင်ဟော်မုန်းထွက်ရှိတဲ့ မုတ်ချိုအိတ်(Pancreas) ကို ပြန်လည်နုပျိုလန်းဆန်းစေတဲ့အပြင် လုပ်ငန်းဆောင်တာများကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ ဒါကြောင့်မို့ ခိုင်မာတဲ့ သုတေသနတွေ့ရှိချက်များက ဆီးချိုသွေးချိုရောဂါဝေဒနာရှင်များက Stevia (စတီးဗီးယား) ပါဝင်တဲ့ သကြားကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်လို့ ရေးသားဖော်ပြထားပါတယ်။

Stevia (စတီးဗီးယား)အရွက်မှ သန့်စင်ထုတ်လုပ်ထားတဲ့ Steviol Glycoside ရဲ့ ဆိုးကျိုးများက ဘာတွေရှိပါသလဲ။
Journal of Biology, Agriculture and Healthcare (2014) မှာ ဖော်ပြထားတဲ့ သုတေသနတွေ့ရှိချက်များအရ Steviol Glycoside နှင့် ၎င်းတို့နှင့် ထုတ်လုပ်ထားတဲ့ ပစ္စည်းများကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ကြောင်း ကျန်းမာရေးရှုထောင့်မှနေ၍ အခိုင်အမာပြောဆိုထားပါတယ်။

 

 


Related Posts