📌 အမျိုးသမီးတို့သိထားသင့်တဲ့ ဟော်မုန်းများအကြောင်း အပိုင်း(၂)
👉 အမျိုးသမီးတွေရဲ့ စိတ်ခံစားချက်များနှင့် အခြားကျန်းမာရေးအခြေအနေများအပေါ် လွှမ်းမိုးနေတဲ့ ဟော်မုန်းတွေကိုထပ်မံဖော်ပြပေးလိုက်ပါတယ်ရှင့်။
📌 Dopamine ဟော်မုန်း
✅ Dopamine ဟော်မုန်းကတော့ မိန်းမသားတို့ရဲ့ စိတ်ခံစားချက်များကိုလွှမ်းမိုးနေတဲ့ဟော်မုန်းတစ်မျိုးဖြစ်ပြီး တက်ကြွလန်းဆန်းမှုကိုခံစားရစေနိုင်ပါတယ်။ အိပ်ရေးဝအောင်အိပ်စက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ အာဟာရမျှတအောင် စားသောက်ခြင်းတို့အားဖြင့် Dopamine ဟော်မုန်းကို သဘာဝအတိုင်းမြှင့်တင်ပေးနိုင်ပြီး ပျော်ရွှင်လန်းဆန်းစေနိုင်မှာဖြစ်ပါတယ်။
📌 Serotonin ဟော်မုန်း
✅ Serotonin ဟော်မုန်းကလည်း အမျိုးသမီးတွေရဲ့ အထွေထွေကျန်းမာရေး၊ အိပ်စက်အနားယူခြင်း၊ သင်ယူနိုင်စွမ်း၊ ပျော်ရွှင်မှု၊ လိင်စိတ်ဖြစ်ပေါ်ခြင်း နှင့် သိမြင်နိုင်စွမ်းတို့ကို လွှမ်းမိုးနေတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ Serotonin ဟော်မုန်းနည်းနေရင်တော့ စိတ်တိုခြင်း၊ စိတ်ဓာတ်ကျခြင်း တို့အပြင် အခြားကျန်းမာရေးဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။
📌 Oxytocinဟော်မုန်း
✅ သူ့ကိုတော့ အချစ်ဟော်မုန်းလို့တောင် တင်စားခေါ်ဝေါ်တတ်ကြပါတယ်။ အကြောင်းအရင်းကတော့ ကလေးမွေးခြင်း၊ မိခင်နို့တိုက်ခြင်း၊ အမေနှင့်ရင်သွေးတို့ရဲ့မေတ္တာနှောင်ကြိုးဖြစ်ပေါ်ခြင်း နှင့် လိင်ဆက်ဆံခြင်း စတဲ့အခြေအနေတွေမှာ အရေးပါတဲ့ ဟော်မုန်းဖြစ်တဲ့အတွက်ဖြစ်ပါတယ်။
📌 Endorphins ဟော်မုန်း
✅ Endorphins ဟော်မုန်းကိုတော့ နာကျင်မှု (သို့) စိတ်ဖိစီးမှုတွေကိုခံစားရတဲ့အခါမှာ Hypothalamus နှင့် Pituitary gland တို့မှထုတ်လွှတ်ပေးပါတယ်။ ဒါ့ကြောင့် Endorphins ဟော်မုန်းထွက်တဲ့အခါ နာကျင်မှုတွေ၊စိတ်ဖိစီးမှုတွေ သက်သာစေနိုင်ပါတယ်။ သဘာဝအတိုင်း Endorphins ဟော်မုန်းထွက်စေနိုင်တဲ့နည်းတွေကတော့ အစာစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း နှင့် လိင်ဆက်ဆံခြင်းတို့ဖြစ်ပါတယ်။
📌 Prolactin ဟော်မုန်း
✅ Prolactin ဟော်မုန်းဟာ မိန်းမသားတို့အတွက် ရင်သားဖွံ့ဖြိုးကြီးထွားဖို့နှင့် ရင်သွေးငယ်ကိုနို့တိုက်အတွက် အဓိကကူညီပေးပါတယ်။ ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးနို့တိုက်နေစဉ်အချိန်တွေမှာ များနေတတ်ပါတယ်။ Prolactin ဟော်မုန်းမညီမျှတဲ့အခါမှာ အမျိုးသမီးများ လစဉ်ရာသီကြောင့်ဖြစ်တဲ့နာကျင်ကိုက်ခဲမှုလက္ခဏာများနှင့် ရင်သားနာကျင်မှုကိုပိုဆိုးစေနိုင်ပါတယ်။ ဒါ့ကြောင့် ရာသီချိန်မှာ Prolactin ကြောင့်ဖြစ်တဲ့ ရင်သားနာကျင်ခြင်းနှင့် နာကျင်ကိုက်ခဲမှုအမျိုးမျိုးကို သက်သာစေဖို့ Gamma-Linolenic Acid (GLA)ကြွယ်ဝစွာပါဝင်တဲ့ Evening Primrose Oil ကိုသောက်သုံးနိုင်ကြောင်း ဖော်ပြထားတဲ့ သုတေသနများရှိနေပါတယ်။
References:
📌Medline Plus (2020). Prolactin Levels: MedlinePlus Medical Test. [online] medlineplus.gov. Available at: https://medlineplus.gov/lab-tests/prolactin-levels/…. [Accessed 14 June 2023].
📌Medicine, S., 2020. Stanford Medicine Children’s Health. [Online]
Available at: https://www.stanfordchildrens.org/en/topic/default…
[Accessed 14 June 2023].
📌Goodwin, M. & Julson, E., 2022. Healthline. [Online]
Available at: https://www.healthline.com/…/how-to-increase-dopamine…
[Accessed 14 June 2023].
📌Professional, a. C. C. m., 2022. Cleveland Clinic. [Online]
Available at: https://my.clevelandclinic.org/…/art…/22572-serotonin….
[Accessed 14 June 2023].
📌Uvnäs-Moberg, K., Handlin, L. & Petersson, . M., 2015. National Library of Medicine. [Online]
Available at: https://www.health.harvard.edu/…/endorphins-the-brains….
[Accessed 14 June 2023].
📌College, T. P. a. F. o. H., 2023. Harvard Health Publishing. [Online]
Available at: https://www.health.harvard.edu/…/endorphins-the-brains….
[Accessed 14 June 2023].
📌World, C., 2020. cpgworld.com. [Online]
Available at: https://medlineplus.gov/lab-tests/prolactin-levels/….
[Accessed 14 June 2023].
#hormonebalance #hormones
#serotonin #dopamine
#endorphins #oxytocin
#eposoft #prolactin
#menstruation #menstrualhealth
#Zifam #CaringforWellbeing