ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေ အစားအသောက်ကို ရှောင်ကျဉ်ပြီး စားသုံးမယ်ဆိုရင် . .

📌မြန်မာနိုင်ငံမှာကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေအစား အသောက်ကိုရှောင်ပါတယ်။ အဲ့ဒီလို အစားအသောက်ကို အဟာရ ဓါတ်စုံလင်စွာရရှိအောင်၊ မျှတအောင်မစားဘဲ ရှောင်ကျဉ်တဲ့အတွက်ကြောင့်

နောက်ဆက်တွဲအနေနဲ့ ကလေးမှာ Vitamin B1, Iron စတဲ့ ဓါတ်တွေချို့တဲ့လာပါတယ်။ ဥပမာပြောရမယ်ဆိုရင် – တစ်ချို့မိခင် တွေဆိုရင် ထမင်းကိုဆီဆမ်းပြီး ငါးလေး၊ ငါးခြောက်လေးနဲ့ စားတဲ့အမေတွေရှိပါတယ်။

👉 အစားအစာတွေကို ရှောင်ကျဉ်ပြီး အဲလိုစားသုံးမယ်ဆိုရင် Thiamine လို့ခေါ်တဲ့ Vitamin B1 ဓါတ်ချို့တတ်ပါတယ်။ အဲ့လို ကလေးငယ်တွေမှာ အစောပိုင်းမှာ အသံဝင်ရုံလောက်ပဲဖြစ်ပြီး နောက်ပိုင်းမှာ နှလုံးကိုထိတယ်၊ ဦးနှောက်ကိုလည်းထိလာတတ်ပါတယ်။ သံဓါတ်ချို့တဲ့မယ်ဆိုရင် . .

စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ပါမောက္ခဒေါက်တာကျော်လင်းမှ ကျန်းမာရေးအသိပညာပေးပြောကြားထားတဲ့ Video လေးကိုတင်ဆက်ပေးလိုက်ပါတယ်။