သင့်ပတ်ဝန်းကျင်မှာ ကလေးငယ်များဆီးချိုရောဂါ ခံစားနေရတယ်ဆိုရင် အခမဲ့ကုသနိုင်ပါပြီ။

ကလေးဆီးချိုရောဂါကိုကုသဖို့အတွက် ဘယ်လိုအထောက်အပံ့တွေကို ဘယ်နေရာတွေမှာရရှိနိုင်မလဲ။

အမျိုးအစား (၁) ဆီးချိုဖြစ်လာရင် ဒီကလေးတွေမှာ ကိုယ်ခန္ဓာထဲ မှာ သကြားဓါတ်တွေများလာပါတယ်။ အဲ့အချိန်မှာ ဘယ်လိုလက္ခဏာတွေ ဖြစ်လာလဲဆိုရင် –

ကလေးကရေတွေငတ်လာတယ်

ဆီးသွားတာတွေ များလာတယ်

ကလေးကတဖြေးဖြေးပိန်လာတယ်၊

ကလေးကိုကြည့်လိုက်ရင်လန်းလန်းဆန်းဆန်း မရှိဘဲနဲ့ မဆော့ဘဲနဲ့နှုံးနေတယ် ဒါမျိုးရောဂါလက္ခဏာလေးခုရှိနိုင်ပါတယ်။

အဲ့လိုရောဂါလက္ခဏာတွေရှိရင် နီးစပ်ရာဆရာဝန်၊ ဒါမှမဟုတ် ရင် ကလေးဆရာဝန်စီသွားပြီး သကြားဓါတ်ကိုစစ်ဆေးနိုင်ပါတယ်။

ကလေးဆီးချိုရောဂါကို ဘယ်လိုကုသရမလဲ။ ကုသဖို့အတွက် ဘယ်လို အထောက်အပံ့တွေကို ဘယ်နေရာတွေမှာရရှိနိုင်မလဲ . .

စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ကလေးအထူးကု ဆရာဝန်ကြီးဒေါက်တာမြစန္ဒာသိန်းမှ ကျန်းမာရေးအသိပညာပေး ပြောကြားထားတဲ့ Video ကို တင်ဆက်ပေးလိုက်ပါတယ်။

 


Related Posts