ဗီတာမင်စီဓါတ်က သားသား၊မီးမီးတို့ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုလဲ. .

ဗီတာမင်စီ ဆိုတာရေမှာပျော်ဝင်လွယ်တဲ့ ဗီတာမင်ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်စီ ဓါတ်ကိုခန္ဓာကိုယ်အတွင်းမှာ မထုတ်လုပ်နိုင်ပါဘူး။ သားသား၊ မီးမီးတို့အတွက် လိုအပ်တဲ့ဗီတာမင်စီဓါတ်တွေကို နေ့စဉ်စားသောက်နေတဲ့အစားအစာတွေကနေပြီးရရှိနိုင်ပါတယ်။ 

ဗီတာမင်စီကြွယ်ဝစွာပါဝင်တဲ့အစားအစာတွေကတော့ လိမ္မော်သီး၊ မာကလာသီး၊ အစိမ်းပုပ်ရောင်ရှိသောအရွက်များ၊ ကီဝီသီး၊ ပန်းဂေါ်ဖီ၊ စတော်ဘယ်ရီသီးများ၊ ခရမ်းချဉ်သီး၊ သံပရာသီး၊ ပဲသီးစိမ်း၊ သဘောၤသီး စတဲ့အသီးအနှံတွေပဲဖြစ်ပါတယ်။

သားသား၊ မီးမီးတို့အတွက်နေ့စဉ်လိုအပ်နေတဲ့ Vitamin C ဓါတ်ကိုလုံလောက်စွာရရှိမယ်ဆိုရင် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့အတွက်ကြောင့်အအေးမိ၊ တုပ်ကွေး၊ ဖျားနာခြင်းတွေကိုကင်းဝေးစေပါတယ်။ ဒါ့အပြင် သွားဖုံးသွေးယိုရောဂါဖြစ်ခြင်းတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်။

ဒါ့ကြောင့် မေမေတို့လည်းသားသား၊ မီးမီးတို့ရဲ့နေ့စဉ်အစားအစာတွေမှာ ဗီတာမင်စီဓါတ်ကြွယ်ဝစွာပါဝင်တဲ့အစားအစာတွေကို ထည့်သွင်းကျွေးဖို့လည်းမမေ့ပါနဲ့နော်။


Related Posts