ကလေးဆီးချိုတွေမှာ ဘယ်လိုလက္ခဏာတွေပြတတ်လဲ. .

အမျိုးအစား (၁) ကလေးဆီးချိုမှာ ဘယ်လိုလက္ခဏာတွေပြ လာလဲဆိုရင် ကလေးရဲ့ကိုယ်ခန္ဓာထဲမှာ သကြားဓါတ်တွေများလာတဲ့အတွက်ကြောင့်မို့လို့ တဖြေးဖြေးနဲ့ ဆီးသွားတာ တွေများလာပါတယ်။ အရင်ကညဘက် ဆီးထမသွားတဲ့ ကလေးတွေ၊ ညဘက်အိပ်ရာထဲမှာ ဆီးထိန်းနိုင်တဲ့ကလေးတွေဟာ ညဘက်တွေမှာအိပ်ရာထဲမှာ ရှုးပေါက်လာတာမျိုးရှိလာတတ်ပါတယ်။

 

 ဆီးသွားတာများလာတော့ ရေတွေငတ်ပြီး ရေတွေ မကြာ ခနသောက်တတ်ပါတယ်၊ တစ်ခါတလေမှာ ညဘက်အိပ်ချိန် တွေမှာတောင် ရေတွေထသောက်တတ်ပါတယ်။နောက်တစ်ခုအနေနဲ့က ကိုယ်ခန္ဓာထဲမှာရှိတဲ့သကြားဓါတ်တွေကို စွမ်းအင် အဖြစ်အသုံးပြုပါတယ်။ အဲ့လိုအသုံးပြုနိုင်ဖို့အတွက် အင်ဆူလင် ကိုလိုအပ်ပါတယ်။

 

 အင်ဆူလင်မရှိတဲ့အချိန်မှာ ခန္ဓာကိုယ်တွင်းက သကြားဓါတ် ကို အသုံးမပြုနိုင်တဲ့အတွက် ကလေးကအားအင်မရှိသလိုဖြစ် ပြီး နှုန်းလာမယ်၊ ကလေးကလည်း သိပ်မဆော့နိုင်ဘူးဖြစ်လာ တယ်။

 

 ဆီးချိုရောဂါဖြစ်တဲ့ကလေးတွေမှာ အဓိကအားဖြင့် ဘယ်လို လက္ခဏာတွေ ဖြစ်တတ်လဲ . .

 ဘယ်လိုလက္ခဏာတွေကို သတိထားကြည့်ရမလဲစတဲ့ အကြောင်းအရာတွေကို ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာမြစန္ဒာသိန်းမှ ကျန်းမာရေး အသိပညာပေးပြောကြား ထားတဲ့ Video ကို တင်ဆက်ပေးလိုက်ပါတယ်။

 


Related Posts