ကလေးဆီးချိုဘာကြောင့်ဖြစ်တာလဲ . .

👉 ဆီးချိုဖြစ်လာတယ်ဆိုတာ ကိုယ်ခန္ဓာထဲမှာ သကြားဓါတ်တွေ များလာလို့ပါ။ နေ့စဉ်စာသောက်နေတဲ့အစားအစာ အာဟာရတွေဟာ နောက်ဆုံးမှာသကြားဓါတ် အနေနဲ ပြောင်းလဲသွားပါတယ်။

 

ဒီသကြားဓါတ်တွေကို ကိုယ်ခန္ဓာအတွင်းမှာ ထိန်းပေးဖို့အတွက် အင်ဆူလင်ဆိုတဲ့ ဟော်မုန်းတစ်မျိုးကိုယ်ခန္ဓာထဲမှာရှိတဲ့ မုန့်ချိုအိတ်လို့ခေါ်တဲ့ ပန်ကရိယကနေအင်ဆူလင်ကို အမြဲတမ်းထုတ်ပေးပါတယ်။ 

 

 အမျိုးအစား (၁) ကလေးဆီးချိုဟာ ဘာလို့ဖြစ်လာတာလဲ ဆိုတော့ ကိုယ်ခန္ဓာထဲမှာရှိတဲ့ ပန်ကရိယကို ကိုယ့်ကိုယ်ခန္ဓာရဲ့ ကိုယ်ခံစွမ်းအားက ပြန်လည်တိုက်ခိုက်တဲ့ Anti Body လို့ခေါ်တဲ့ ပစ္စည်းတွေထွက်လာပါတယ်။ အဲ့လို ပန်ကရိယကို တိုက်ခိုက်ခံရတဲ့ အတွက် အင်ဆူလင်မထုတ်နိုင်တော့ဘူး။

 

👶 အင်ဆူလင်မရှိတော့ အဲဒီကလေးဟာ သူစားလိုက်တဲ့ သူ့ကိုယ် ထဲရောက်တဲ့ သကြားဓါတ်တွေကိုမဖယ်ထုတ်နိုင်တဲ့ အတွက်ကြောင့် ခန္ဓာကိုယ်ထဲမှာ သကြားဓါတ်တွေ များလာတယ် ဆိုတာမျိုးဖြစ်လာပါ တယ်။ တစ်ချို့ကလေးတွေမှာ ဒီလိုကိုယ်ခံစွမ်းအားက စပြီးအဖြတ်ခံ ရပြီး မကြာခင်မှာ ဆီးချိုရောဂါရဲ့လက္ခဏာတွေကို ပြလာပါတယ် . .

 

🤔 ကလေးဆီးချိုရောဂါဘာလို့ဖြစ်တာလဲ . . .

. . စတဲ့ ကလေးဆီးချိုရောဂါနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ကလေးအထူးကု ဆရာဝန်ကြီးဒေါက်တာမြစန္ဒာသိန်းမှ ကျန်းမာရေး အသိပညာပေး ပြောကြားထားတဲ့ Video ကို တင်ဆက်ပေးလိုက်ပါတယ်။

 

 


Related Posts