ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်မှတစ်ဆင့် ကလေးရဲ့ဦးနှောက် ဖွံဖြိုးမှုကို ဘယ်လိုထိခိုက်စေနိုင်လဲ။
👉 ပတ်ဝန်းကျင်ထဲမှာ ရောဂါပိုးတွေရှိပါတယ်။ ရောဂါပိုးတွေဟာ ကိုယ်ဝန်ဆာင် နေချိန်အတွင်းမှာ အချင်းကနေတဆင့် ကလေးစီကိုရောက်တတ်ပါတယ်။ အဲ့ထဲ မှာရောက်တတ်တဲ့ပိုးတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့မြန်မာပြည်မှာ
အခုချိန်ထိတွေ့နေသေးတာက Rubella လို့ခေါ်တဲ့ တစ်ချိန်တုန်းက ဂျာမန်ဝက်သက်လို့လည်းခေါ်တယ်၊ တစ်ချို့လည်းဂျိုက်သိုးလို့ခေါ်တဲ့ရောဂါပါ။
📌 ရောဂါဖြစ်ရင် အနီစက်တွေသေးသေး၊ သေးသေးလေးတွေ အများကြီးထွက်ပြီးတော့ အကြိတ်တွေဟာနောက်စိတို့ နားရွက်နောက်တို့မှာထွက်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်မှာ အထူးသဖြင့် ပထမ(၃) လလောက်မှာ Rubella ဖြစ်ရင်တော့ သန္ဓေသားစီကို အများကြီး ရောက်ရှိပြီးတော့ သန္ဓေသားကို ထိခိုက်နိုင်တဲ့ အနေ အထားမျိုးတွေပါ။
✅ ဥပမာ Rubella ကြောင့် အမေကိုရောက်ရှိပြီးတော့ ကလေး ဦးနှောက်ကိုထိခိုက်မယ်ဆိုရင် ကလေးဦးနှောက်ဟာ ပုံမှန်လို မကြီးပဲနဲ့ ဦးနှောက်သေးသေးခေါင်းသေးသေး မွေးလာတတ်ပါ တယ်။ မျက်လုံးမှာလည်း Cataract လို့ခေါ်တဲ့ တိမ်တွေဖြစ်လာပြီး မျက်စိမမြင်ဖြစ်ပါတယ်။
🧠 ဦးနှောက်ကလည်းမဖွံဖြိုးဘူး၊ မျက်စိကလည်းမမြင်တဲ့အပြင် နှလုံးမှာလည်းမွေးါ်ရာပါနှစ်လုံးရောဂါတွေပါလာတတ်ပါတယ်။
✅ ဒါဟာလည်းလွယ်လွယ်ကူကူကာကွယ်လို့ရနိုင်သော ကလေးဦးနှောက်ဖွံဖြိုးမှုကိုထိခိုက်စေနိုင်တဲ့ရောဂါမျိုးတွေပါ။









