ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်အာဟာရ . . .

✅ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်အာဟာရသည် ကလေးရဲ့ကြီးထွားဖွံဖြိုးမှုကို အထောက်အကူပြုပါတယ်။ ကလေးရဲ့ ဖွံဖြိုးမှုထဲမှာမှ ဦးနှောက်ဖွံဖြိုးမှုကိုလည်း အများကြီးအထောက်အကူပြုပါတယ်။ အထူးသဖြင့်မျှတတဲ့ သန့်ရှင်းလတ်ဆတ် တဲ့ အစာအာဟာရသုံးဆောင်ဖို့လိုပါတယ်။

🥗 ဒါတွေကိုမမှီဝဲမသုံးဆောင်ဘူး၊ မမျှတဘူးဆိုရင် ကလေးတစ်ယောက်ရဲ့ဖွံဖြိုးမှုကိုလည်းထိခိုက်နိုင်တယ်။ အစားအသောက်ရှောင်ကျဉ်ခြင်း၊ အာဟာရဓါတ်မပြည့်ဝခြင်းတို့ကြောင့် ဦးနှောက်ရဲ့အထွေထွေဖွံဖြိုးမှုကိုထိခိုက်စေရုံသာမက အချို့သောရောဂါများဖြစ်ပေါ်လာစေတတ်ပါသည်။