📌 အမျိုးသမီးတို့သိထားသင့်တဲ့ ဟော်မုန်းများအကြောင်း အပိုင်း (၁)
👉 ဟော်မုန်းဆိုတာ အလွယ်ကူဆုံးအဓိပ္ပါယ်ဖွင့်ရလျှင် ခန္ဓာကိုယ်ရဲ့ အလုပ်တွေကို စည်းချက်ညီညီလုပ်နိုင်ဖို့ အချက်ပြပေးတဲ့ Chemical Messenger လေးတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ရောစိတ်ပါ ကျန်းမာနေဖို့အတွက် ခန္ဓာကိုယ်ရှိဟော်မုန်းတွေအားလုံးမျှတနေဖို့လိုအပ်ပါတယ်။
✅ အမျိုးသမီးတွေမှာရှိတဲ့ ဟော်မုန်းလို့ပြောလိုက်ရင် Estrogen နဲ့ Progesterone ပဲတော်တော်များများကသိကြပါတယ်။ အမျိုးသမီးတွေရဲ့နေ့စဉ်ဘဝကို ထိန်းချုပ်ခြယ်လှယ်နေတဲ့အခြားဟော်မုန်းတွေလည်းရှိပါသေးတယ်။
📌 Estrogen ဟော်မုန်း
✅ အရင်ဆုံး Estrogen အကြောင်းကိုဖော်ပြရမယ်ဆိုရင် တော်တော်များများသိထားတဲ့အတိုင်း အမျိုးသမီးတို့အတွက် အရေးအကြီးဆုံးဟော်မုန်း လို့တောင်သတ်မှတ်နိုင်ပါတယ်။ ဓမ္မတာစက်ဝန်း၊ မျိုးပွားလုပ်ငန်းဆောင်တာများအပြင် ကိုယ်ရောစိတ်ပါကျန်းမာနေဖို့ အမျိုးသမီးတွေမှာ အသက်အရွယ်အလိုက် ရှိသင့်သော Estrogen ဟော်မုန်း ပမာဏအတိုင်းရှိဖို့ လိုအပ်ပါတယ်။
✅ အကြောင်းကြောင်းကြောင့် Estrogen ဟော်မုန်းနည်းသွားရင် သွေးဆုံးကိုင်လက္ခဏာများခံစားရခြင်း၊ စိတ်မကြည်မလင်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း၊ အိမ်ထောင်ရေးအဆင်မပြေခြင်း နှင့် အခြားဆိုးကျိုးများစွာဖြစ်စေနိုင်ပါတယ်။ Estrogen ဟော်မုန်းလိုအပ်သည်ထက်များသွားရင်တော့ ဝလာတာ၊ ရာသီများတာ/နည်းတာ၊ ရင်သားအလုံးအကျိတ်ဖြစ်တာ၊ စိတ်ဓာတ်ကျတာ တို့အပြင် အခြားကျန်းမာရေးပြဿနာများဖြစ်စေနိုင်ပါတယ်။
—————————-
📌 Progesterone ဟော်မုန်း
✅ နောက်ထပ်ဟော်မုန်းတစ်မျိုးဖြစ်တဲ့ Progesterone ကတော့ မမျိုးဥကြွေပြီးနောက်ပိုင်းမှာ ရင်သွေးလေးအတွက်သားအိမ်နံရံကိုထူအောင်ကူညီပေးပါတယ်။ Progesterone ဟော်မုန်းနည်းလျှင် ရာသီစက်ဝန်းမမှန်တာ၊ ရာသီမလာတာ၊ ကလေးရဖို့ခက်ခဲတာ၊ ကိုယ်ဝန်ပျက်ကျလွယ်တာ၊ လမစေ့ပဲမွေးတာတို့ဖြစ်စေနိုင်တဲ့အပြင် Estrogen ဟော်မုန်းကိုများစေပြီးအခြားကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။
—————————-
📌 Testosterone ဟော်မုန်း
✅ Testosterone ဟော်မုန်း ကိုလည်း အမျိုးသားများမှာအဓိကတွေ့ရတဲ့ဟော်မုန်းဖြစ်တဲ့အတွက်ကြောင့် အမျိုးသမီးတွေနဲ့မဆိုင်ဘူးဆိုပြီး သတ်မှတ်ထားလို့မရပါဘူး။ Testosterone ဟော်မုန်းဟာ အမျိုးသမီးများမှာ လိင်စိတ်ဖြစ်ပေါ်စေခြင်း၊ အရိုးများသန်မာစေခြင်း၊ ကြွက်သားများသန်မာစေခြင်း စတဲ့အကျိုးကျေးဇူးများရစေနိုင်ပါတယ်။
✅ အမျိုးသမီးတွေမှာ Testosterone ဟော်မုန်း ရှိသင့်သည်ထက်များသွားလျှင် ရာသီမလာတာ/နည်းတာဖြစ်စေခြင်း၊ ကလေးရနိုင်ဖို့ခက်ခဲခြင်း၊ အဝလွန်ခြင်း၊ ရှိသင့်သည်ထက် ခန္ဓာကိုယ်အမွှေးအမျှင်များ ပိုများခြင်း၊ ဝက်ခြံများထွက်ခြင်း၊ အသံဩခြင်း အပြင် အခြားကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။
—————————-
📌 Thyroid (သိုင်းရွိုက်) ဟော်မုန်း
✅ Thyroid (သိုင်းရွိုက်) ဟော်မုန်းဆိုတာကလည်း အမျိုးသမီးမျိုးပွားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအတွက် မရှိမဖြစ်အရေးပါတဲ့ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် Thyroid (သိုင်းရွိုက်) ဟော်မုန်း ရှိသင့်သည်ထက် နည်းလျှင်ပဲဖြစ်ဖြစ်၊ များလျှင်ပဲဖြစ်ဖြစ် ကိုယ်ဝန်ရရန်ခက်ခဲခြင်း၊ ကိုယ်ဝန်မရနိုင်ခြင်းတို့ဖြစ်နိုင်ပါတယ်။
✅ဒါ့အပြင် အမျိုးသမီးများအနေနဲ့ အသက်ကြီးလာတာနဲ့အမျှ Thyroid (သိုင်းရွိုက်) ဟော်မုန်း နည်းတဲ့ Hypothyroidism လိုမျိုးအခြေအနေနဲ့ကြုံရနိုင်ပါတယ်။ Hypothyroidism ရဲ့ လက္ခဏာတွေကတော့ နုံးချိခြင်း၊ အသားအရေခြောက်သွေ့ခြင်း၊ ဝခြင်း၊ ကြွက်သားများအားနည်းခြင်း၊ မှတ်ဉာဏ်လျော့နည်းခြင်း၊ ရာသီမမှန်ခြင်း၊ ကိုယ်ဝန်မရနိုင်ခြင်း စသည်ဖြင့်တို့ ခံစားရနိုင်ပါတယ်။
🤗 နေ့ရက်တိုင်းကျန်းမာပျော်ရွှင်ပါစေလို့ သင့်တစ်လတာကိုလန်းဆန်းစွာဖြတ်ကျော်ပါ Eposoft မှဆုမွန်ကောင်းတောင်းလိုက်ပါတယ် …
References:
📌 Cleveland Clinic, 2023. my.clevelandclinic.org. [Online]
Available at: https://my.clevelandclinic.org/…/24562-progesterone….
[Accessed 13 June 2023].
📌 Delgado, B. J. & Lopez-Ojeda, W., 2022. ncbi.nlm.nih.gov. [Online]
Available at: https://www.ncbi.nlm.nih.gov/books/NBK538260/….
[Accessed 13 June 2023].
📌 Moreland OB-GYN, 2023. morelandobgyn.com. [Online]
Available at: https://www.morelandobgyn.com/…/womens-hormones-the…
[Accessed 13 June 2023].
#hormonebalance #hormones
#estrogen #progesterone
#thyroid #testosterone
#menstruation #menstrualhealth #eposoft
#Zifam #CaringforWellbeing