Zifam Pinnacle Pty. Ltd., (Myanmar) မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်း (၅၀၀) တန်ဖိုးရှိ ပဋီဇီဝဆေးဝါးများနှင့် ငွေသားကျပ်သိန်း (၃၀) အား လှူဒါန်းခြင်း

Zifam Pinnacle Pty. Ltd., (Myanmar) မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်း (၅၀၀) တန်ဖိုးရှိ ပဋီဇီဝဆေးဝါးများနှင့် ငွေသားကျပ်သိန်း (၃၀) အား လှူဒါန်းခြင်း

ယခုလတ်တလောတွင်ဖြစ်ပေါ်နေသောရေဘေးသင့်ဒေသများ ရှိ ပြည်သူများနှင့်အတူ Zifam Pinnacle Pty. Ltd., (Myanmar) မှ ထပ်တူ စာနာစိတ်မကောင်း ဖြစ်ရပါသည်။

ရေဘေးသင့်ဒေသများရှိပြည်သူများအတွက် ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဆေးဝါးဆိုင်ရာ အရေးပေါ်လိုအပ်လျက်ရှိပါသည်။

အဆိုပါလုပ်ငန်းစဉ်အသီးသီးအတွက် Zifam Pinnacle Pty. Ltd., (Myanmar)Manufacturing Unit တစ်ခုဖြစ်သည့် Zifam Pyrex Myanmar Co., Ltd. မှ ထုတ်လုပ်သော ငွေကျပ်သိန်း (၅၀၀) တန်ဖိုးရှိ ပဋီဇီဝဆေးဝါးများ နှင့် ငွေသားကျပ်သိန်း (၃၀) တို့ကို (၂၀၂၆) ခုနှစ်၊ ဩဂုတ် (၁၄) တွင် ကျန်းမာရေးဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ပါသည်။

ရေဘေးသင့်သူများအားလုံး ဘေးအန္တရာယ်ကင်း၍ ကျန်းမာကြပါစေ၊ တည်ငြိမ်မှုနှင့် ပြန်လည်ထူထောင်နိုင်မှု အမြန်ရရှိနိုင်ကြပါစေလို့ Zifam Pinnacle Pty. Ltd., (Myanmar) မှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။

#FloodRelief #FloodReliefSupport

#HealthcareSupport #Support

#donation #CSR #csrprogram

#community #communitysupport

#ZifamPyrexMyanmar #Zifam #CaringforWellbeing