Zifam ကုမ္ပဏီမှ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးလှူဒါန်းပွဲအခမ်းအနားတွင်ပါဝင်လှူဒါန်းခြင်း

Zifam ကုမ္ပဏီမှ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးလှူဒါန်းပွဲအခမ်းအနားတွင်ပါဝင်လှူဒါန်းခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှကြီးမှူးကျင်းပသော COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးလှူဒါန်းပွဲအခမ်းအနားကို ယနေ့ ၂၀၂၀ခုနှစ်၊ မတ်လ (၁၅) ရက် (တနင်္ဂနွေ) နေ့တွင်ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါလှူဒါန်းပွဲအခမ်းအနားတွင် Zifam ကုမ္ပဏီ၏ Country Director ဒေါက်တာခင်သီရိမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ Patient Monitor စက် (၃) လုံး တန်ဖိုးငွေကျပ် (၁၅,၅၄၉,၀၀၀)၊ ငွေသားကျပ် (၅,၀၀၀,၀၀၀)၊ ဆေးဝါးနှင့်အထောက်အပံ့ပစ္စည်းများ စုစုပေါင်းငွေကျပ် (၂၃,၂၈၁,၀၀၀) တန်ဖိုးကို ယခုလိုပါဝင်လှူဒါန်းခဲ့ပါသည်။