WHO ကဘာဖြစ်လို့ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ အရေးတကြီးတိုက်တွန်းနေတယ်လို့ထင်ပါသလဲ။

🤔WHO ကဘာဖြစ်လို့ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ အရေးတကြီးတိုက်တွန်းနေတယ်လို့ထင်ပါသလဲ။

👉 မာယာများတဲ့ ကိုဗစ်ရောဂါပိုးကိုထိန်းချုပ်နိုင်ဖို့ဆိုရင် Herd Immunity လို့ခေါ်တဲ့ လူဦးရေအစုလိုက်အပြုံလိုက် ရောဂါပိုးကိုခုခံနိုင်စွမ်းအားရှိနေရပါမယ်။ ဒါမှ ရောဂါကူးစက်မှုကွင်းဆက်ကိုဖြတ်နိုင်မှာဖြစ်ပါတယ်။

👇Herd Immunity ဖြစ်ဖို့အတွက် နှစ်နည်းရှိပါတယ်။
(၁) ရောဂါကူးစက်ခံရပြီးကိုယ်ခံအားရရှိစေခြင်း
(၂) ကာကွယ်ဆေးထိုးနှံခြင်း တို့ဖြစ်ပါတယ်။

📌ကိုဗစ်ဟာ ကူးစက်ခံရသူရဲ့ ၁ ရာခိုင်နှုန်းသေစေနိုင်တယ်ဆိုရင်တောင် တစ်နိုင်ငံလုံးအတိုင်းအတာ၊ တစ်ကမ္ဘာလုံးအတိုင်းအတာအရဆိုရင် အလွန်များပြားတဲ့ပမာဏဖြစ်တဲ့အတွက် ရောဂါကူးစက်ခံရပြီး Herd Immunity ရအောင်ပစ်ထားလိုက်ဖို့မဖြစ်နိုင်ပါဘူးဆိုပြီး WHO Chief Scientist Dr. Soumya Swaminathan မှသုံးသပ်ပြောကြားထားပါတယ်။ သေဆုံးနှုန်းအလွန်များပြားသွားနိုင်တဲ့အတွက်ကြောင့် WHO အနေနဲ့ လူဦးရေအများအပြား ကာကွယ်ဆေးထိုးပြီး Herd Immunity ရဖို့ အရေးတကြီးတိုက်တွန်းနေရခြင်းဖြစ်ပါတယ်။

📌ကိုဗစ်ကူးစက်ပျံ့ပွါးမှုကိုထိန်းချုပ်နိုင်ဖို့ဆိုရင် လူဦးရေ ၆၀-၇၀ ရာခိုင်နှုန်းခန့်ကာကွယ်ဆေးထိုးထားဖို့လိုအပ်ပါတယ်လို့ Dr. Soumya Swaminathan မှထပ်မံပြောကြားထားပါတယ်။

📌ကိုဗစ်နှင့်ပတ်သက်ပြီး WHO အနေနဲ့နောက်ထပ်သတိပေးနှိုးဆော်ထားတာကတော့ ကိုဗစ်ကာကွယ်ဆေးများအပါအဝင် Covid နဲ့ပတ်သက်သောမလိုလားအပ်တဲ့ Online မှသတင်းအမှားများပျံ့နှံ့မှုကိုကာကွယ်နိုင်ဖို့အတွက် စိတ်ချယုံကြည်ရတဲ့ အဖွဲ့အစည်း၊ သတင်းမီဒီယာများမှ သတင်းအချက်အလက်များကိုသာမျှဝေကြဖို့ဖြစ်ပါတယ်။

💉ဒါ့ကြောင့် မိမိနှင့် မိမိပတ်ဝန်းကျင်မှာရှိတဲ့ချစ်ခင်ရသူများအတွက် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းအနေနဲ့ မိမိလက်လှမ်းမီနိုင်တဲ့ ကိုဗစ်ကာကွယ်ဆေးကို အမြန်ဆုံးထိုးကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

🎁References

📍WHO, 2020. Who.int. [Online]
Available at: https://www.who.int/…/herd-immunity-lockdowns-and-covid…#
[Accessed 13 Sept 2021].

📍WHO, 2020. Youtube. [Online]
Available at: https://www.youtube.com/watch?v=U47SaDAmyrE&t=2s
[Accessed 13 Sept 2021].

📍WHO, 2021. Facebook. [Online]
Available at: https://www.facebook.com/WHO/videos/1955627807939347
[Accessed 13 Sept 2021].

#zifam #CaringforWellbeing