World Immunization Week 2020

World Immunization Week 2020

 ယနေ့ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၄) ရက်မှ (၃၀) ရက်နေ့အထိကို ကမ္ဘ့ာကျန်းမာရေးအဖွဲ့ကြီးမှ (World Immunization Week) ကမ္ဘာ့ ကာကွယ်ဆေးရက်သတ္တပါတ်အထိမ်းအမှတ်အဖြစ်သတ်မှတ်ပြီး ကာကွယ်ဆေးထိုးလုပ်ငန်းများ၊ ကျန်းမာရေးအသိပညာပေးအစီအစဉ် များကို တစ်ကမ္ဘာလုံးမှာကျင်းပလေ့ရှိပါတယ်။

 မြန်မာနိုင်ငံမှာလည်း ဧပြီလမှာဆောင်ရွက်မယ့် ကာကွယ်ဆေးထိုး အစီအစဉ်ကို ယခုအချိန်မှာဖြစ်ပွားနေတဲ့ Covid-19ရောဂါအခြေအနေ ကြောင့် မေလသို့ရွှေ့ဆိုင်းပြီး ထိုးနှံတိုက်ကျွေးပေးသွားမှာဖြစ်ကြောင်းကို တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ Facebook Page မှကြေညာချက်အရ သိရှိရပါတယ်။

 ဒီလိုကလေးငယ်များအတွက်ကာကွယ်ဆေးထိုးပေးချိန်မှာ သိရှိထားသင့်တဲ့ အကြောင်းအရာများကို ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းမှ ကျန်မာရေးအသိညာပေးပြောကြားထားတဲ့ Video ကို World Immunization Week အထိမ်းအမှတ်အနေဖြင့် တင်ဆက်ပေးလိုက်ပါတယ်။

(မှတ်ချက် – ကျန်းမာထက်မြက်ရင်သွေးအတွက် ကျန်းမာရေးဟောပြောပွဲတွင် ဆရာကြီးပါမောက္ခဒေါက်တာစောဝင်း မှပြောကြားခဲ့သည့် အကြောင်းအရာများကို ထုတ်နုတ်တင်ဆက်ပေးလိုက်ပါသည်)


Related Videos