Zifam ဆေးကုမ္ပဏီ​မိသားစုဝင်များ စုပေါင်းအလှူ (၂၀၂၃)

🙏 Zifam ဆေးကုမ္ပဏီ​မိသားစုဝင်များ စုပေါင်းအလှူ
 
📌(၂၀၂၃)ခုနှစ်၊ ဧပြီလ (၅)ရက် (ဗုဒ္ဓဟူးနေ့) တွင် Zifam ဆေးကုမ္ပဏီမိသားစုများမှ နှစ်စဉ်ကုသိုလ်ယူ မြန်မာ့နှစ်ဦးအကြို စုပေါင်းအလှူအဖြစ် ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ “မဟာဓမ္မရံသီ အိမ်တော်ရာစေတီတော်” တွင် ရင်ပြင်တော်သန့်ရှင်းရေး၊ ဘုရားပန်းများအား လဲလှယ်ကုသိုလ်ယူခြင်း နှင့် ရောင်တော်ဖွင့်ကုသိုလ်အလှူများကို ပြုလုပ်ခဲ့ပါတယ်။
 
💙ထိုကုသိုလ်ပြုအစီအစဉ်ကို Zifam ဆေးကုမ္ပဏီမိသားစုများနှင့် “ရွှေရောင်လွှမ်းတဲ့လက်များ” မြို့မမောင် ရောင်တော်ဖွင့်အဖွဲ့သားများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် Zifam ဆေးကုမ္ပဏီမိသားစုမှ “ရွှေရောင်လွှမ်းတဲ့လက်များ” မြို့မမောင်ရောင်တော်ဖွင့်အဖွဲ့အတွက် အထွေထွေအသုံးပြုရန်နှင့် အာဟာရဒါနအတွက် အလှူငွေများလည်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။
 
🙏 Zifam Fan များနှင့် မြန်မာပြည်သူပြည်သူများအားလုံး ကိုယ်စိတ်နှလုံး ကျန်းမာရွှင်လန်းပြီး ပြုလုပ်ခဲ့သောကောင်းမှုကုသိုလ်များ ထပ်တူရရှိနိုင်ကြပါစေကြောင်း တောင်းဆုမေတ္တာပို့သလိုက်ပါတယ်။