World Thyroid Day 2022 အထိမ်းအမှတ် “သိုင်းရွိုက်ရောဂါများအကြောင်း သိကောင်းစရာ” Facebook Live အစီအစဉ်…

📣World Thyroid Day 2022 အထိမ်းအမှတ် “သိုင်းရွိုက်ရောဂါများအကြောင်း သိကောင်းစရာ” Facebook Live အစီအစဉ်…

📌မြန်မာနိုင်ငံဆရာဝန်အသင်း (ဟော်မုန်းရောဂါဗေဒပညာရှင်များအသင်း) Myanmar Society of Endocrinology and Metabolism (MSEM) မှကြီးမှူးကျင်းပသော World Thyroid Day 2022 အထိမ်းအမှတ်အဖြစ် “သိုင်းရွိုက်ရောဂါများအကြောင်း သိကောင်းစရာ” ကျန်းမာရေးအသိပညာပေး Live အစီအစဉ်ကို ၂၀၂၂ခုနှစ်၊ မေလ (၂၅) ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၁၀) နာရီတွင် ဟောပြောသွားမှာဖြစ်ပါသည်။

📌သိုင်းရွိုက်ရောဂါ​၏လက္ခဏာများမသိရှိခြင်း၊ နားမလည်ခြင်းကြောင့် ကုသမှုခံယူရာတွင်နောက်ကျခြင်း၊ ကုထုံးနှင့်ရောဂါသဘာဝကိုမသိသဖြင့် ကုသမှုကိုစနစ်တကျမခံယူခြင်း၊ မလိုအပ်ဘဲစိုးရိမ်မှုများခြင်း စသည့်ကျန်းမာရေးအခက်အခဲများ မဖြစ်ရအောင်ဗဟုသုတဖြန့်ဝေလို၍ ယခု Live အစီအစဉ်ကို ပြုလုပ်ရခြင်းဖြစ်ပါသည်။

👩‍⚕️အဆိုပါ “သိုင်းရွိုက်ရောဂါများအကြောင်း သိကောင်းစရာ” ကျန်းမာရေးအသိပညာပေး Live အစီအစဉ်ကို ဆီးချိုသွေးချိုနှင့် ဟော်မုန်းအထူးကုဆရာဝန်ကြီးများဖြစ်ကြသော

📌ပါမောက္ခ ဒေါက်တာသန်းသန်းအေး

       နာယက မြန်မာနိုင်ငံဆရာဝန်အသင်း (ဟော်မုန်းရောဂါဗေဒပညာရှင်များအသင်း)

📌ပါမောက္ခ ဒေါက်တာခင်စောသန်း

       ဒုဥက္ကဌ မြန်မာနိုင်ငံဆရာဝန်အသင်း (ဟော်မုန်းရောဂါဗေဒပညာရှင်များအသင်း) တို့မှ ဆွေးနွေးပြောကြားသွားမှာဖြစ်ပါသည်။

😍World Thyroid Day 2022 အထိမ်းအမှတ် “သိုင်းရွိုက်ရောဂါများအကြောင်း သိကောင်းစရာ” ကျန်းမာရေးအသိပညာပေး Facebook Live အစီအစဉ်ကို Zifam ကုမ္ပဏီမှ ဂုဏ်ယူစွာဖြင့် အဓိကကူညီပံ့ပိုးပေးထားပါသည်။

#Zifam #CaringforWellbeing #worldthyroidday