World Smile Day 2020

📌 ဒီကနေ့ (၂၀၂၀)ခုနှစ် အောက်တိုဘာလ (၂)ရက်ဟာ “World Smile Day” ဖြစ်ပါတယ်။ ကမ္ဘာကြီးကို အပြုံးများဖြင့်အလှဆင်နိုင်ဖို့ (၁၉၉၉)ခုနှစ်မှစပြီး နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလရဲ့ ပထမဆုံးသော သောကြာနေ့ကို “World Smile Day” အဖြစ် သတ်မှတ်ခဲ့ပါတယ်။

😀”ရယ်သောသူအသက်ရှည်၏” ဆိုတဲ့စကားအတိုင်း မိမိရဲ့အပြုံးတစ်ချက်ဟာလည်း ကျန်းမာရေးအတွက် လွန်စွာအရေးပါလှပါတယ်။ မိမိပြုံးလိုက်တဲ့အချိန်တိုင်းမှာ ခန္ဓာကိုယ်မှ Cortisol နှင့် Endorphins ဟော်မုန်းထွက်စေတဲ့အတွက်-
✅ကိုယ်ခံအားကောင်းစေခြင်း၊
✅သွေးဖိအားကိုကျဆင်းစေခြင်း၊
✅နာကျင်ကိုက်ခဲမှုကိုသက်သာစေခြင်း၊
✅စိတ်ဖိစီးမှုကိုလျော့ကျစေခြင်းနှင့် အခြားများစွာသော အကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။

🤗 ဒါ့အပြင် မိမိအပြုံးဟာ လူတစ်ဦးနှင့်တစ်ဦး ပျော်ရွှင်မှုတွေကိုမျှဝေပေးခြင်းသဘောကိုလဲ သက်ရောက်စေတဲ့အတွက် လူမှုဆက်ဆံရေးပိုင်းမှာလဲတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ပြုံးခြင်းဟာ မျက်နှာပေါ်မှာရှိတဲ့ ကြွက်သားတွေလှုပ်ရှားစေတဲ့အတွက်ကြောင့် အရွယ်တင်နုပျိုနေစေပါတယ်။

#worldsmileday2020
#Zifam #CaringforWellbeing

World Smile Day 2020

World Smile Day 2020