World Chronic Obstructive Pulmonary Disease Day (2023)

World Chronic Obstructive Pulmonary Disease Day (2023)

Chronic Obstructive Pulmonary Disease ရောဂါကို (COPD) လို့ အတိုကောက်ခေါ်ဝေါ်ကြပြီး မြန်မာလိုအားဖြင့် နာတာရှည်လေပြွန်ရောင်အဆုတ်ပွရောဂါ လို့သတ်မှတ်နိုင်ပါတယ်။

COPD ရောဂါဟာ နာတာရှည်လေပြွန်ရောင်ရမ်းခြင်းနှင့် အဆုတ်လေအိတ်များပျက်စီးခြင်းတို့ကြောင့်ဖြစ်စေနိုင်တဲ့အတွက် COPD ရောဂါရှိတဲ့လူနာများအနေနဲ့ အသက်ရှူရခက်ပြီး မကြာခဏချောင်းဆိုးနေတတ်ပါတယ်။

COPD ကိုအဓိကဖြစ်စေနိုင်တဲ့အချက်တွေကတော့ ဆေးလိပ်သောက်ခြင်း၊ ဆေးလိပ်ငွေ့ရှုနေရခြင်း တို့ကြောင့်ဖြစ်ပြီး အိမ်တွင်း/လုပ်ငန်းခွင် လေထုညစ်ညမ်းခြင်း၊ အသက်ရှုလမ်းကြောင်း မကြာခဏပိုးဝင်ခြင်းနှင့် အခြားမျိုးရိုးဗီဇဆိုင်ရာ အကြောင်းအရင်းများကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ယနေ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့ဟာ ကမ္ဘာ့နာတာရှည်လေပြွန်ရောင်အဆုတ်ပွရောဂါနေ့ “World Chronic Obstructive Pulmonary Disease Day” ဖြစ်ပါတယ်။ ယခုနှစ် အတွက်ဆောင်ပုဒ်ကတော့ “Breathing is Life – Act Earlier” ဖြစ်ပါတယ်။ အဆုတ်ကျန်းမာရေးသည် အလွန်အရေးကြီးသောကြောင့် COPD ရောဂါကို စောစီးစွာ သိရှိပြီး၊ အချိန်မီကုသမှုခံယူနိုင်ဖို့အတွက် လှုံ့ဆော်ထားခြင်းဖြစ်ပါတယ်။

ဒါ့ကြောင့် ယနေ့ ကမ္ဘာ့နာတာရှည်လေပြွန်ရောင်အဆုတ်ပွရောဂါနေ့အထိမ်းအမှတ်အဖြစ် COPD ရောဂါကို သံသယရှိတာနဲ့ သေချာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နှင့်တိုင်ပင်ပြီး ထိရောက်တဲ့ကုသမှုကို ခံယူနိုင်ဖို့အတွက် Zifam Myanmar မှတိုက်တွန်းနှိုးဆော်အပ်ပါတယ်။

Ref:
CDC, 2023. .
[Online]
Available at: https://www.cdc.gov/copd/basics-about.html?fbclid=IwAR1WOhR_TUdUQ6Hq7PTgLIiQuz3sFQbXlb24n6PcspXp_Su-NoDGqlQtSv0
[Accessed 14 November 2023].

GoldCOPD, 2023. . [Online]
Available at: https://goldcopd.org/world-copd-day-2023/?fbclid=IwAR1UcsF1j4FNKpIRfWPBxENxljnAdSfXtH8qOtmE0lVYPLBfCWZxDP3pECE
[Accessed 14 November 2023].

#Zifam #CaringforWellbeing

#COPD #copdawareness

#breathing #ActEarly

#StopSmoking #indoorairpollution

#airpollution #genetics #chestinfection

#chroniclungdisease #chronicbronchitis #emphysema

#lunghealth #healthknowledge