“Covid-19: Challenges of Time & Scale” Facebook Live အစီအစဉ်

📌“Covid-19: Challenges of Time & Scale” Facebook Live အစီအစဉ်
=============================================
📌မြန်မာနိုင်ငံဆရာဝန်အသင်းမှ ကြီးမှူးကျင်းပသော “Covid-19: Challenges of Time & Scale” FB Live အစီအစဉ်ကို (၂၀၂၀)ခုနှစ်၊ ဒီဇင်ဘာလ (၅)ရက် (စနေနေ့) နေ့လည် (၁)နာရီတွင် တိုက်ရိုက်ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
 
ထို Facebook Live အစီအစဉ်တွင်-
🔰မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခဦးထင်အောင်စော မှ Host အဖြစ် ပါဝင်ဆောင်ရွက်မည်ဖြစ်ပြီး
🔰မြန်မာနိုင်ငံဆရာဝန်အသင်း ယခင်ဥက္ကဋ္ဌ ပါမောက္ခဦးရဲမြ မှ “Covid-19 ဖြစ်စဉ်နှင့် အချိန်၏စိန်ခေါ်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း၊
🔰ကာကွယ်ရေးဆိုင်ရာနည်းပညာအကြံပေးအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့-အရှေ့တောင်အာရှဒေသကြီး အဖွဲ့ဝင် ပါမောက္ခဦးစောဝင်း မှ “Covid-19 ရောဂါအတွက်ကာကွယ်ဆေးများ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးပြောကြားပေးသွားမည်ဖြစ်ပါသည်။
 
📌ဒီအစီအစဉ်ကို ဆေးပညာရှင်များ သာမက အများပြည်သူပြည်သားများအားလုံးဝင်ရောက်ကြည့်ရှုနိုင်ပြီးမိမိတို့သိရှိလိုသည်များကိုမေးမြန်းနိုင်ပါသည်။
 
📌ဒီအစီအစဉ်ကို သင့်ကိုယ်ခံစွမ်းအားကို အမြင့်ဆုံးထိမြှင့်တင်ပေးနိုင်မည့် Australia နိုင်ငံထုတ် Imunor မှကူညီပံ့ပိုးပေးထားပါတယ်။
 
Organized by