Child Psychology (Batch-1)

Mega 3 Chewable နဲ့ Vita-Kid ကလေးအားဆေးတိုက်ကျွေးကြတဲ့ ဖေဖေ၊ မေမေတို့အတွက် သတင်းကောင်း
 
မြန်မာနိုင်ငံစိတ်ပညာအသင်းနှင့် Zifam Pinnacle Pty Ltd (Myanmar) တို့မှ ပူးပေါင်းစီစဉ်သော Child Psychology (Batch-1) သင်တန်းကို ၂၀၂၃ ခုနှစ်၊ မေလ (၇) ရက်နေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။
 
အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံစိတ်ပညာအသင်းမှ ဒုဥက္ကဌ တွဲဖက်ပါမောက္ခ ဒေါ်သက်ထားဝင်းမှ အဓိက သင်ကြားပို့ချပေးသွားမှာဖြစ်ပြီး Guest Speaker အဖြစ် စာရေးဆရာမ ခေတ်ဘုန်းသစ် (ကလေးပြုစုပျိုးထောင်ရေး) မှလည်း ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။
 
သင်ကြားပို့ချမည့်ခေါင်းစဉ်များကတော
 
• Introduction to Child Psychology 
• Physical Development 
• Social Development 
• Emotional Development 
• Cognitive Development နှင့်
• Moral Development တို့ပဲ ဖြစ်ပါတယ်။
 
သင်ကြားပို့ချမည့်နည်းလမ်းများကတော့
 
• Facebook Private Group မှ တိုက်ရိုက်သင်ကြားပို့ချခြင်း
 
• Email  (သို့) Viber မှတစ်ဆင့် သင်ခန်းစာ PDF ပေးပို့ခြင်း
 
• ကြိုတင်ရိုက်ကူးထားသော Recorded ဗီဒီယိုဖိုင်များဖြင့် သင်ကြားခြင်း
 
• Zoom Live Session များဖြင့် သင်ကြားထားသော သင်ခန်းစာများအား အပြန်အလှန်ဆွေးနွေးသင်ကြားခြင်းနှင့်
 
• သင်ကြားမှုကို သိရှိနားလည်ခြင်း ရှိ၊မရှိအား သင်ခန်းစာတစ်ခုချင်းစီပြီးဆုံးတိုင်း ဖြေဆိုနိုင်ရန် စစ်ဆေးခြင်းတို့ပဲ ဖြစ်ပါတယ်။
 
ဒါကြောင့် ကလေးစိတ်ပညာနှင့်ပက်သက်ပြီး စိတ်ဝင်စားသော မေမေ၊ဖေဖေတို့အနေနဲ့ ဒီသင်တန်းလေးကို တတ်ရောက်ချင်တယ်ဆိုရင် (၂၀၂၃) ခုနှစ်အတွင်း ဝယ်ယူထားသော Mega 3 Chewable (သို့မဟုတ်) Vita-Kid ကလေးအားဆေး ဘောက်ချာကို SMART KIDS – Zifam Facebook Page ရဲ့ Chat Box မှာ ပြသဆက်သွယ်ပြီး တတ်ရောက်နိုင်ပါတယ်။
 
SMART KIDS – Zifam (Facebook Page) 
 
အသေးစိတ်ထပ်မံသိရှိလိုပါက 09-964 646 746ကို (ရုံးချိန်အတွင်း) ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
 
မှတ်ချက် – သင်တန်းပြီးဆုံးပါက သင်တန်းပြီးဆုံးကြောင်း Certificate ကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။
 
ဒီအစီအစဉ်ကို ဩစတြေးလျနိုင်ငံထုတ် ကလေးတိုင်းချစ်တဲ့ Vita-Kid နှင့် မှတ်ဉာဏ်ကောင်းပြီးထူးချွန်ဖို့ Mega 3 Chewable ကလေးအားဆေးတို့မှ ကူညီပံ့ပိုးပေးထားပါသည်။