📌 ကမ္ဘာ့ကင်ဆာရောဂါ တိုက်ဖျက်ရေးနေ့ (World Cancer Day)

 

🎗️ ကင်ဆာရောဂါ – စောစီးဖွေရှာ၊ ကာကွယ်ပါ 🎗️

 

📌 ယနေ့ ဖေဖော်ဝါရီလ (၄) ရက်နေ့သည် ကမ္ဘာ့ကင်ဆာရောဂါ တိုက်ဖျက်ရေးနေ့ဖြစ်ပါသည်။

 

✅ ကင်ဆာရောဂါသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် သေဆုံးနှုန်းအများဆုံးရောဂါဖြစ်ပြီး (၂၀၁၈) ခုနှစ်အထိ ကင်ဆာရောဂါကြောင့် လူဦးရေ (၉.၆) သန်းကျော် သေဆုံးခဲ့ပါသည်။

 

✅ အမျိုးသားများတွင်
– အဆုတ်ကင်ဆာ
– ဆီးကြိတ်ကင်ဆာ
– အူမကြီးကင်ဆာ
– အသည်းကင်ဆာ

 

✅ အမျိုးသမီးများတွင်
– ရင်သားကင်ဆာ
– အူမကြီးကင်ဆာ
– သားအိမ်ခေါင်းကင်ဆာ တို့အဖြစ်များကြပါသည်။

 

😢 ကင်ဆာရောဂါဖြစ်ပွားနှုန်းသည် နှစ်စဉ် တိုးပွားလျက်ရှိပြီး လူနာများ၊ မိသားစုဝင်များ၊ ပြုစုစောင့်ရှောက်ပေးသူများ နှင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းများအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ ဖိစီးမှုများစွာ ဖြစ်စေသော ရောဂါဆိုးကြီးဖြစ်ပါသည်။

 

💯 ကင်ဆာရောဂါကို ကာကွယ်နိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ ကင်ဆာရောဂါဖြစ်စေနိုင်သော အရာများကို ရှောင်ကြဉ်ခြင်း ၊ စောစီးစွာ ရောဂါရှာဖွေခြင်း (Early Detection) နှင့် ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်ခြင်းတို့ဖြစ်ပါသည်။

 

✔️ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထုတ်ကုန်များ ရှောင်ကြဉ်ခြင်း
✔️ အရက်သောက်သုံးမှု ကန့်သတ်ခြင်း
✔️ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်း
✔️ ကိုယ်လက်လှုပ်ရှားမှု / လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
✔️ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ (ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ) စားသုံးခြင်း
✔️ Hepatitis B နှင့် HPV ကာကွယ်ဆေးများ ထိုးနှံခြင်း
✔️ ကျန်းမာရေး စစ်ဆေးမှုများ ပုံမှန်ပြုလုပ်ခြင်း စသည့်တို့ကို လိုက်နာလုပ်ဆောင်သင့်ပါသည်။

 

✅ အထက်ပါအချက်များကို လိုက်နာပါက ကင်ဆာရောဂါကြောင့် သေဆုံးမှုကို ၃၀% မှ ၅၀% အထိ လျှော့ချနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ ဖော်ပြထားပါသည်။

 

📌 ထို့အပြင် ကင်ဆာရောဂါကို အချိန်မီ စစ်ဆေးတွေ့ရှိပြီး ထိရောက်စွာ ကုသခြင်းသည် အသက်ဆုံးရှုံးမှုဘေးမှ ကာကွယ်နိုင်သော အရေးကြီးသည့် အချက်ဖြစ်ပါသည်။

 

😊 ထို့ကြောင့် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်နေထိုင်ကြရန်နှင့် ဖြစ်လာပါက အချိန်မီ စစ်ဆေးကုသကြရန် အသိပညာပေး တိုက်တွန်းလိုက်ရပါသည်။

 

💙 ဤအစီအစဉ်ကို ကမ္ဘာ့ကင်ဆာရောဂါ တိုက်ဖျက်ရေးနေ့ (World Cancer Day) အထိမ်းအမှတ်အဖြစ် Australia နိုင်ငံထုတ် အကောင်းဆုံး Omega 3 ငါးကြီးဆီ Mega 3 မှ ကျန်းမာရေးဗဟုသုတရရှိစေရန် ရည်ရွယ်၍တင်ဆက်ပေးထားပါသည်။

 

Reference:
WHO, 2026. WHO. [Online]
Available at: https://www.who.int/health-topics/cancer#tab=tab_1
[Accessed 3 February 2026].

 

#WorldCancerDay2026 #WorldCancerDay
#Cancer #cancerawareness
#HealthEducation #healthknowledge
#healthylifestyle #EarlyDetection
#Zifam #CaringforWellbeing