🏷️Faciaထုတ်ပိုးမှုပုံစံအသစ်အား ကြေညာပေးခြင်း📣

Facia(Collagen with Antioxidant) တစ်ဘူးတွင် ယခင်ကဆေးကဒ်(၄)ကဒ် ပါရှိပြီးတစ်ကဒ်လျှင်(၁၅)လုံး၊ စုစုပေါင်းအလုံး(၆၀)ပါရှိသောဆေးဘူးပုံစံမှ➡️ ယခုအခါ တစ်ဘူးတွင် ဆေးကဒ်(၆)ကဒ်ပါရှိပြီး တစ်ကဒ်လျှင်(၁၀)လုံး၊ စုစုပေါင်းအလုံး(၆၀)ပါရှိသောဆေးဘူးပုံစံ ထုတ်ပိုးမှုပုံစံအသစ်ဖြင့်ပြောင်းလဲထုတ်လုပ်ထားပါကြောင်း အသိပေးကြေညာအပ်ပါတယ်ရှင့်။💙

Australiaနိုင်ငံမှထုတ်လုပ်ထားပြီး Faciaဆေးဘူးပုံစံအသစ်မှာတော့ နဂိုမူလပုံစံဟောင်းအတိုင်း ပါ၀င်ပစ္စည်းတွေ၊အာနိသင်တွေ၊ဆေးလုံးပါဝင်မှုပမာဏနဲ့တစ်ဘူးချင်းစီရဲ့Companyရောင်းစျေးကလည်း ယခင်အတိုင်းပြောင်းလဲမှုမရှိပါဘူးနော်။ ပြောင်းလဲသွားတာကတော့ ဆေးဘူးပုံစံနဲ့ဆေးကဒ်ပုံစံဒီဇိုင်းလေးပဲပြောင်းလဲသွားတာဖြစ်ပါတယ်ရှင့်။ Faciaဆေးဘူးပုံစံအသစ်မှာ ၀ယ်ယူအားပေးသူများအတွက် တစ်နေရာမှတစ်နေရာယူဆောင်ရာတွင်ပိုမိုအဆင်ပြေလွယ်ကူအောင်ပြုလုပ်ထားပြီး ရာသီဥတုဒဏ်၊ အပူဒဏ်ကိုပါပိုမိုခံနိုင်ရည်ရှိတာကြောင့် ဆေးအာနိသင်ကိုလည်းအလွယ်တကူမပျက်စီးစေနိုင်ပါဘူးနော်။

Facia(Collagen with Antioxidant)ကိုနေ့စဥ်သောက်သုံးပေးခြင်းအားဖြင့်

👉အရေးအကြောင်းကင်းစင်ပြီး နုပျိုတင်းရင်း၊ဝင်းမွတ်ကြည်လင်သောအသားအရေ🧖

👉 တောက်ပကျန်းမာသန်စွမ်းသော ဆံကေသာ🙆‍♀️

👉 ပန်းနုရောင်သမ်းပြီး ကျန်းမာလှပသော လက်သည်း၊ ခြေသည်းများ💅စတဲ့(Triple Effects) အကျိုးအာနိသင်များကို ရရှိစေနိုင်မှာဖြစ်ပါတယ်လို့ တမူထူးခြားသော သဘာဝရဲ့အလှဓာတ်စာFaciaမှအသိပေးပါရစေရှင့်😊