ဧပြီလမွေးနေ့ရှင် သားသား၊မီးမီးတို့အတွက် မွေးနေ့လက်ဆောင် အစီအစဉ်

 ဧပြီလအတွင်းမွေးဖွားတဲ့ Smart Kids Fan သားသားမီးမီးလေး တို့အတွက် လက်ဆောင်များပေးသွားမယ့် အစီအစဉ်လေးတစ်ခု ရှိပါတယ်။

 ဒီအစီအစဉ်မှာဆိုရင် ဖေဖေ၊မေမေတို့က အခုအချိန်မှာ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါအန္တရာယ်မှ သားသား၊မီးမီးလေးတွေကိုကာကွယ်ဖို့ အတွက် ဘယ်လိုဂရုစိုက်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတယ် ဆိုတာ ကို သူငယ်ချင်းတွေကို ပြန်လည်မျှဝေတဲ့အနေနဲ့ ပြောပြပေးရမှာဖြစ်ပါတယ်။

(ပုံမှန်အချိန်များမှာဆိုရင် မွေးနေ့ရှင်သားသား၊မီးမီးလေးတို့အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးတဲ့အစီအစဉ်ပြုလုပ်ခဲ့ပေမယ့် အခုအချိန်မှာ COVID-19 ဖြစ်ပွားနေတာကြောင့် ဧပြီလမွေးနေ့ရှင် လေးများအတွက် အစီအစဉ်လေးကို အခုလိုစီစဉ်ပြုလုပ်ခဲ့ပါတယ်)

 ဒီအစီအစဉ်လေးမှာပါဝင်ကြမယ့် Smart Kids Fan တွေအတွက် လိုက်နာရမယ့်အချက်လေးတွေက –

(၁) ဧပြီလအတွင်းမွေးဖွားတဲ့ သားသား၊မီးမီးလေးတွေဖြစ်ရပါမယ်။

(၂) သားသား၊မီးမီးလေးတွေရဲ့ အမည်၊ မွေးနေ့၊ ဓါတ်ပုံနှင့်အတူ နေတဲ့မြို့ပါဝင်ရပါမယ်။

(၃) ဖေဖေ၊မေမေတို့က သားသား၊မီးမီးလေးတွေကို အခုအချိန်မှာ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါအန္တရာယ်မှ ကာကွယ်ဖို့အတွက် ဘယ်လိုဂရုစိုက်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတယ် ဆိုတာကို သူငယ်ချင်းတွေကို ပြန်လည်မျှဝေတဲ့အနေနဲ့ပြောပြပေးရမယ်။

 ဒီအစီအစဉ်မှာပါဝင်ခဲ့ကြတဲ့သားသား၊မီးမီးလေးတွေထဲက (၅) ဦးကို မဲနှိုက်ရွေးချယ်ကာ Vita-Kid နှင့်Mega 3 Chewable ကလေးအားဆေး များကို လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

လက်ဆောင်ရရှိသွားကြတဲ့သားသားမီးမီးတို့ကို ဧပြီလ (၃၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်ပါတယ်။

 အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်ပါက Smart Kids ရဲ့ဆုံးဖြတ်ချက် အတိုင်းသာဖြစ်ပါတယ်။

 ဧပြီလမှာမွေးဖွားတဲ့ သားသားမီးမီးလေးတွေအားလုံး Smart Kid လေးတွေဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

(ဒီအစီအစဉ်လေးမှာပါဝင်ချင်သူများအတွက် Smart Kids Facebook Page မှာဝင်ရောက်ပါဝင်နိုင်ပါတယ်။)

Smart Kids Facebook Page