“အမျိုးသမီးများသွေးဆုံးဝေဒနာ သိကောင်းစရာ” ကျန်းမာရေးပညာပေးဟောပြောပွဲ

“အမျိုးသမီးများသွေးဆုံးဝေဒနာ သိကောင်းစရာ” ကျန်းမာရေးပညာပေးဟောပြောပွဲ
—————————————————————————————-
၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁၈) ရက်နေ့တွင်ကျရောက်သော “World Menopause Day” အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့ ပင်လုံဆေးရုံကြီးနှင့် Zifam Menofem တို့ပူးပေါင်းပြုလုပ်သော “အမျိုးသမီးများသွေးဆုံးဝေဒနာ သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ပြုလုပ်သော ကျန်းမာရေးပညာပေးခြင်းနှင့် ပျော်ရွှင်ဖွယ်အစီအစဉ်များကို ရန်ကုန်မြို့ ပင်လုံဆေးရုံကြီး၏ Main Lobby တွင် ၂၀၁၉ ခုနှစ်၊အောက်တိုဘာလ(၂၆)ရက် စနေနေ့၊ နေ့လည် (၁၂) နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ပါသဖြင့် ကြွရောက်ချီးမြှင့်ပေးပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။

အဆိုပါပွဲတွင် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခဒေါ်စီလေးခိုင်မှ ”မီးယပ်သွေးဆုံးဝေဒနာသိကောင်းစရာ” ခေါင်းစဉ်ဖြင့်၎င်း ထိခိုက်ဒဏ်ရာနှင့် အရိုး၊အကြော၊အဆစ် အထူးကုဆရာဝန်ကြီး ဒေါက်တာဦးဝင်းခင်မှ “အမျိုးသမီးကြီးများနှင့် အရိုးပွရောဂါ” ခေါင်းစဉ်ဖြင့်၎င်း အသီးသီးဟောပြောသွားမှာဖြစ်ပြီး အခြားပျော်ရွှင်ဖွယ် အစီအစဉ်များစွာပါဝင်ဖြစ်ပါတယ်။

အဆိုပါပွဲကို မီးယပ်သွေးဆုံးကိုင်ဝေဒနာများကို သက်သာပျောက်ကင်းစေသော သြစတြေးလျနိုင်ငံထုတ် #Menofem မှအဓိကကူညီပံ့ပိုးပေးထားပါတယ်။