အပူဒဏ်အန္တရာယ်အထူးသတိပြုရမည့်သူများ

☀️အခုလိုအပူချိန်အလွန်မြင့်မားနေတဲ့အချိန်မှာ အောက်ဖော်ပြပါအခြေအနေရှိသောသူများသည် သာမန်လူများထက် အပူဒဏ်အန္တရာယ်ကို ပိုပြီးခံစားရနိုင်တဲ့အတွက် အထူးသတိပြုကြဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တိုက်တွန်းနှိုးဆော်ထားပါတယ်။

📌 သက်ကြီးဘိုးဘွားများ
📌 ကလေးသူငယ်များ
📌 ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ
📌 နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါနှင့် စိတ်ကျန်းမာရေးချို့ယွင်းသူများ)
📌 ကာယလုပ်သားများ၊ အားကစားသမားများ၊ ဝလွန်းသောသူများ
📌 အရက်စွဲသောသူများ၊ မူးယစ်ဆေးသုံးစွဲသူများ

👉ဒါ့အပြင် သက်ကြီးဘိုးဘွားများ၊ ကလေးသူငယ်များ၊ နာတာရှည်ရောဂါရှိသူများ (ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါ ရှိသူများ)၊ ဝလွန်းသောသူများ၊ အရက်စွဲသောသူများ၊ မူးယစ်ဆေးသုံးစွဲသူများ အနေဖြင့် အပူဒဏ်အန္တရာယ်ပိုမိုခံစားရနိုင်ရုံသာမက COVID 19 ရောဂါကူးစက်နိုင်ခြေလည်းပိုများတဲ့အပြင် ကူးစက်ခံရပြီးနောက် ရောဂါပြင်းထန်မှုလည်းပိုဆိုးနိုင်ပါတယ်။

👉ဒါ့ကြောင့် တတ်နိုင်သမျှအိမ်မှာပဲနေထိုင်ခြင်း၊ လက်ကိုစနစ်တကျဆေးခြင်း၊ လူစုလူဝေးကိုရှောင်ကြဉ်ခြင်းတို့ကိုပိုမိုဂရုစိုက်သင့်ပြီး အလွန်ပူပြင်းသောအချိန်မှာ နေရောင်ခြည်အောက်တွင် သွားလာနေထိုင်ခြင်း၊ အလုပ်လုပ်ခြင်းများ မပြုလုပ်သင့်ပါ။

👉မဖြစ်မနေအိမ်အပြင်ထွက်ရလျှင်လည်း အပူဒဏ်မှကာကွယ်ရန် ထီး၊ ဦးထုပ်၊ နေကာမျက်မှန် နှင့် လက်၊ လည်ပင်း၊ ပခုံးတို့ပါလုံခြုံသော အရောင်ဖျော့ဖျော့ချည်ထည်များ ဝတ်ဆင်ကြဖို့တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

Credit- Ministry of Health and Sports, Myanmar Facebook Page