“သွေးတိုးရောဂါ နှင့် ကိုဗစ်ကာလ သိကောင်းစရာများနှင့် သွေးတိုးရောဂါ အထွေထွေ ဆွေးနွေးခြင်း နှင့် အမေးအဖြေ” Live အစီအစဉ်…

📌“သွေးတိုးရောဂါ နှင့် ကိုဗစ်ကာလ သိကောင်းစရာများနှင့် သွေးတိုးရောဂါ အထွေထွေ ဆွေးနွေးခြင်း နှင့် အမေးအဖြေ” Live အစီအစဉ်…
(မိမိတို့မေးမြန်းချင်သောမေးခွန်းများကို Comment Box တွင် ကြိုတင်မေးမြန်းနိုင်ပါသည်)

📌ပါမောက္ခဦးနေဝင်း (နာယက၊မြန်မာနိုင်ငံသွေးတိုးရောဂါအဖွဲ့)၊ (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့) နှင့် ပါမောက္ခ ဦးမြင့်ဟန် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသွေးတိုးရောဂါအဖွဲ့) တို့မှ World Hypertension Day (ကမ္ဘာ့သွေးတိုးရောဂါနေ့) အထိမ်းအမှတ်အဖြစ် “သွေးတိုးရောဂါနှင့် ကိုဗစ်ကာလ သိကောင်းစရာများ နှင့် သွေးတိုးရောဂါ အထွေထွေ ဆွေးနွေးခြင်း ” ခေါင်းစဉ်ဖြင့် တိုက်ရိုက် Live အစီအစဉ်တွင် အမေးအဖြေ များလက်ခံ ဖြေဆိုသည် များကို၂၀၂ဝခုနှစ် မေလ (၁၇) ရက်(တနင်္ဂနွေနေ့) မွန်းလွဲ ၁နာရီမှ ၂နာရီအချိန်တွင် Zifam Myanmar Facebook Page မှာထုတ်လွှင့်သွားမှာဖြစ်ပါတယ်…

📌အခုလိုCovid19 ဖြစ်ပွားနေစဉ်ကာလအတွင်းဆရာဝန်ကြီးများနှင့်တိုက်ရိုက်တွေ့ဆုံနိုင်ဖို့အခက်အခဲများရှိနေနိုင်ခြင်းနှင့် Covid 19 ကြောင့်သွေးတိုးရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတများ အိမ်မှာနေရင်းသိရှိနိုင်အောင် Zifam မှယခုလို Live အစီအစဉ်ကိုတင်ဆက်ပေးရခြင်းဖြစ်ပါတယ်…

😊ဒါကြောင့် ယခုပိုစ့်ရဲ့ Comment မှာလည်း မိမိတို့မေးမြန်းချင်တဲ့ သွေးတိုးရောဂါနဲ့ပတ်သက်သည့်ကျန်းမာရေးမေးခွန်းများကိုလည်း မေးမြန်းထားနိုင်ပါတယ်…

Organized by #MyanmarSocietyofHypertension
Supported #Zifam #CaringforWellbeing

“သွေးတိုးရောဂါ နှင့် ကိုဗစ်ကာလ သိကောင်းစရာများနှင့် သွေးတိုးရောဂါ အထွေထွေ ဆွေးနွေးခြင်း နှင့် အမေးအဖြေ” Live အစီအစဉ်