သတိပြုရမည့် အပူဒဏ်အန္တရာယ်များ

☀️အခုချိန်ဟာအပူချိန်အလွန်မြင့်မားတဲ့ကာလဖြစ်တဲ့အတွက် အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion)နှင့် အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) ဖြစ်ပွားမှုများလည်းမြင့်တက်နေပါတယ်။

👉ဒါ့ကြောင့် ပူပြင်းတဲ့နေရောင်အောက်မှာအလုပ်လုပ်ရင်း(သို့) အလုပ်လုပ်ပြီး အောက်ပါလက္ခဏာများဖြစ်ပေါ်ပါက နီးစပ်ရာဆေးရုံဆေးခန်းသို့ ချက်ခြင်းပို့ဆောင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှတိုက်တွန်းနှိုးဆော်ထားပါတယ်။

📌အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion)
– ဂဏှာမငြိမ်ခြင်း
– ခေါင်းမူးနောက်ခြင်း၊ ခေါင်းကိုက်ခြင်း
– တစ်ကိုယ်လုံး နုံးချိပျော့ခွေခြင်းနှင့်ကြွက်တက်ခြင်း
– အလွန်အမင်းရေဆာခြင်း
– ချွေးအလွန်အကျွံထွက်ခြင်းကြောင့် ခန္ဓာကိုယ်အရေပြားများအေး၍စိုစွတ်ခြင်း
– ခန္ဓာကိုယ်အပူချိန်မြင့်တက်ခြင်း

📌အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke)
– ခန္ဓကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်း
– အရေပြားပူ၍ခြောက်သွေ့ခြင်း (သို့) ချွေးခန်းခြောက်ခြင်း
– ကယောင်ကတမ်းဖြစ်ခြင်း
– သတိလစ်ခြင်း၊ တက်ခြင်း

👉အရေးပေါ်ရှေးဦးပြုစုခြင်း
– လူနာကိုအရိပ်ရ အေးမြသောနေရာသို့ရွှေ့ထားပါ
– လေပန်ကာ၊ လေအေးပေးစက်ဖွင့်ထားပေးပါ။ မရှိပါကယပ်ခတ်ပေးပါ။
– လူနာ၏ခြေရင်းဘက်ကို မြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့်ထားပါ။
– လူနာ၏အဝတ်အစားများကိုချွတ်ပါ။
– လူနာ၏ လည်ပင်း၊ချိုင်းနှစ်ဖက်၊ ပေါင်ခြံနှစ်ဖက်တိုကို ရေပတ်တိုက်ပါ။
– လူနာကောင်းစွာသတိရနေပါက ရေအေး (သို့) ဓာတ်ဆားရည်တိုက်ပါ။

☀️ယခုအချိန်မှာ COVID 19 ရောဂါပိုးကူးစက်ပျံ့ပွားလျက်ရှိပြီး အပူဒဏ်လည်းလွန်ကဲနေသောကြောင့် မိဘပြည်သူများနေဖြင့် တတ်နိုင်သမျှအိမ်မှာပဲနေရန်နှင့် မဖြစ်မနေအပြင်ထွက်သည့်အခါတွင်လည်း Mask တပ်ဆင်ခြင်း၊ အပူဒဏ်ကာကွယ်နိုင်ရန် ထီး၊ ဦးထုပ်၊ နေကာမျက်မှန် များသုံးပြုခြင်းတို့လုပ်ဆောင်ပြီးမှထွက်ရန် အကြံပြုတိုက်တွန်းအပ်ပါတယ်။

Credit- Ministry of Health and Sports, Myanmar Facebook Page