World Teachers’ Day 2020

👩‍🏫 ကမ္ဘာ့ဆရာများနေ့

📌 ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ (World Teachers’ Day 2020) မှာ မိမိတို့ချစ်ခင် လေးစားရတဲ့ဆရာများရဲ့ အမည်နဲ့အတူ အမှတ်ရမိတာလေးတွေကို ဒီပိုစ့်လေးရဲ့ Comment မှာ မျှဝေရင်းနဲ့ ဂုဏ်ပြုလိုက်ကြရအောင် …

👨‍🏫 ဆရာဆိုတာ တပည့်တွေရဲ့ကောင်းကျိုးကို တွေးမျှော်ကြည့်ကာ သွန်သင်ဆုံးမတတ်သူ၊ တတ်သိထားတဲ့ အတတ်ပညာများကို စေတနာအပြည့်နဲ့ မျှဝေပေးသူ၊ တပည့်တွေအပေါ်မှာ ဘေးအန္တရာယ် မကျရောက်အောင် ကာကွယ်စောင့်ရှောက်ပေးသူ၊ အနန္တဂိုဏ်ဝင်ကျေးဇူးရှင်တွေ ဖြစ်ပါတယ်။

🤗 ဒီနေ့မှာကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့မှာ မိမိတို့ရဲ့ ကျေးဇူးရှင်ဆရာများကို အတူတကွဂုဏ်ပြုလိုက်ကြရအောင် ….

😊 Zifam Myanmar Fan တွေအားလုံးလည်း ဆရာ့ကျေးဇူး အထူးသိတတ်ပြီး ထူးချွန်တဲ့နိုင်ငံ့သားကောင်း၊သမီးရတနာများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။