ကဆုန်လပြည့် ဗုဒ္ဓနေ့ နှင့် ညောင်ရေသွန်းပွဲတော်

ကဆုန်လပြည့် ဗုဒ္ဓနေ့ နှင့် ညောင်ရေသွန်းပွဲတော်

===============================

🙏🏻ယနေ့မှာကျရောက်တဲ့ “ကဆုန်လပြည့်နေ့” ဟာဆိုရင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့တန်ဖိုးထားရာ နေ့ထူးနေ့မြတ်တစ်ရက်ပဲဖြစ်ပါတယ်။ “ဗျာ၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့” ဟုဆိုသည့်အတိုင်း သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားရှင်၏

🙏🏻ဗျာဒိတ်တော်ခံယူတော်မူတဲ့နေ့၊

🙏🏻ဖွားမြင်တော်မူတဲ့နေ့၊

🙏🏻ဘုရားဖြစ်တော်မူတဲ့နေ့၊

🙏🏻ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့နေ့ စတဲ့ ထူးကဲတဲ့အဖြစ်တော်များဖြစ်တော်မူခဲ့ခြင်းကြောင့် “ကဆုန်လပြည့်နေ့” ကို ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ အမြတ်ဆုံးနေ့လို့မှတ်ယူကြပါတယ်။

📌ဒီလို အထွဋ်အမြတ်ဆုံးနေ့ဖြစ်တဲ့ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် အချိန်အခါသမယမှာ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း Zifam ဆေးကုမ္ပဏီမိသားစုများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🙏🏻🙏🏻🙏🏻

#kasoneday #wish #Zifam #CaringforWellbeing

ကဆုန်လပြည့် ဗုဒ္ဓနေ့ နှင့် ညောင်ရေသွန်းပွဲတော်

ကဆုန်လပြည့် ဗုဒ္ဓနေ့ နှင့် ညောင်ရေသွန်းပွဲတော်