ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်

 

 

👉 ယနေ့ “ကဆုန်လပြည့်နေ့”ဟာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အလေးအမြတ်ထားအပ်သော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။

✅ ထိုသို့သတ်မှတ်ရခြင်းမှာ သုံးလောကထွတ်ထား မြတ်ဗုဒ္ဓသည် ကဆုန်လပြည့်တွင် –

🙏🏻 ဗျာဒိတ်တော် ခံယူတော်မူခြင်း
🙏🏻 ဖွားမြင်တော်မူခြင်း
🙏🏻 ဘုရားဖြစ်တော်မူခြင်း
🙏🏻 ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း အစရှိသော ထူးကဲသည့် အဖြစ်တော်များဖြစ်တော်မူခဲ့ခြင်းကြောင့် “ကဆုန်လပြည့်နေ့” ကို ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ အမြတ်ဆုံးနေ့အဖြစ်မှတ်ယူပြီး ဘုရားပွင့်တော်မူရာ ဗောဓိညောင်ပင်အား ရည်မှန်းပူဇော်ခြင်း၊ ရေများခန်းခြောက်ချိန်တွင် ဗောဓိညောင်ပင် မညှိုးနွမ်းစေလိုခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ရေသွန်းဖျန်း ပူဇော်လေ့ရှိကြပါသည်။

📌 ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ဆုံးနေ့ဖြစ်သည့် ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် အချိန်အခါသမယတွင် မင်္ဂလာအပေါင်းနှင့်ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း  Zifam Pinnacle Pty. Ltd., (Myanmar) ဝန်ထမ်းမိသားစုများမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။