The Ways to Success ( ဘဝတစ်သက်တာ အောင်မြင်ရေးအတွက် နည်းလမ်းကောင်းများ)

Zifam Pinnacle Pty. Ltd., (Myanmar) သည် လုပ်ငန်းခွင်အတွင်း ဝန်ထမ်းများ၏ အသိပညာများ တိုးပွားပြီး အတွေးအခေါ်နှင့် ခံယူချက်များမှန်ကန်စေရန် ရည်ရွယ်၍ Training & Motivation Program များကို စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

(၀၉.၀၃.၂၀၂၆) တနင်္လာနေ့တွင် ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဦးအေးမွန်မှ (၃၈)ဖြာ မင်္ဂလာတရားတော်ကိုအခြေပြု၍

📌 အခြေခံမင်္ဂလာ (၆) ပါး

📌 ကြီးပွားရေး၊ စီးပွားရေးမင်္ဂလာ

📌 လူမှုရေးတာဝန်မင်္ဂလာ

📌 လူမှုရေးကျင့်ဝတ်မင်္ဂလာ

လောကုတ္တရာမင်္ဂလာ (၈)ပါး ဖြစ်သော လောကီလောကုတ္တရာအကျိုးစီးပွားများအကြောင်းကို The Way  to Success ခေါင်းစဉ်ဖြင့် Zifam ကုမ္ပဏီဝန်ထမ်းများအား မျှဝေပေးခဲ့ပါသည်။

ဘ၀ကိုဖြတ်သန်းသည့်အခါ မိမိကိုယ်ကို စောင့်ရှောက်နိုင်ဖို့ အခြေခံမင်္ဂလာမှအစပြု၍ အသိပညာ ဗဟုသုတများကို စာတွေလက်တွေ့ဖြင့် စဉ်ဆက်မပြတ် သင်ယူလေ့လာခြင်း၊ စည်းကမ်းနှင့်ကိုယ်ကျင့် တရားကောင်းများ ကိုထိန်းသိမ်းခြင်း၊ မိသားစုအတွင်း မိတ်ဆွေသူငယ်ချင်းအချင်းချင်း အပြန်အလှန် ကြည့်ရှုစောင့်ရှောက်ခြင်းဖြင့် လောကီကောင်းကျိုးချမ်းသာ မင်္ဂလာများ ပြည့်ဝနိုင်စေကြောင်း၊ မိမိတွင် ဥစ္စာဓနများတိုးပွားလာပါက ပြန်လည်ပေးကမ်းလှူဒါန်းထောက်ပံ့ခြင်းသည်လည်း လူမှုရေးမင်္ဂလာတစ်ခုဖြစ်ကြောင်း “ဓနရှင်” မှ “ဒါနရှင်” အဖြစ်သို့ ပြောင်းလဲနေထိုင်တတ်ရန် ဓမ္မအသိပညာများ ဝေမျှပေးခဲ့ပါသည်။

ထို့အပြင် လိုအပ်သော လူမှုရေးကျင့်ဝတ်မင်္ဂလာများဖြစ်သည့် ကောင်းမွန်သော စကားများကို ပြောဆိုခြင်း၊ သည်းခံခြင်း၊ ဆိုဆုံးမလွယ်သူဖြစ်ခြင်း၊ ကျေးဇူးသိတတ်ခြင်း စသည့် အကြောင်းအရာများ ကိုလည်း ဆရာကြီးမှ အလေးထားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျေးဇူးရှင်များဖြစ်ကြသော ခင်ပွန်းကြီး(၁၀)ပါးကို မပြစ်မှားမိစေရန်နှင့် သမာအာဇီဝဖြင့်သာ အသက်မွေး၀မ်းကြောင်းပြုလုပ်ရန်၊ အခွင့်သင့်တိုင်း တရားဒေသနာများကိုနာယူမှတ်သားရန် စသည့် အကြောင်းအရာများကိုလည်း ဆရာကြီးမှ လမ်းညွှန်ဟောပြောခဲ့ပါသည်။

ဆရာကြီး၏ (၃၈) ဖြာမင်္ဂလာအခြေပြု ဟောပြောမှုများ၊ ဆိုဆုံးမမှုများသည် Zifam Company ရှိ ဝန်ထမ်းများ၏ အသိပညာ၊ ခံယူချက်၊ အတွေးအခေါ်များကို ပိုမိုကောင်းမွန်ပြီး လောကီအကျိုးစီးပွားများ ပိုမိုဆောင်ရွက်နိုင်သော လူမှုပတ်ဝန်းကျင်တစ်ခုသို့ ဦးတည်ဆောင်ရွက်နိုင်မှာ အသေအချာပင်ဖြစ်ပါသည်။