ZifamProducts

Find Product

Categories

Facia

  • ENG
  • မြန်မာ


ကုန်စည်အမျိုးအမည်

အရေပြားမှ အရေးအကြောင်းများကို လျော့ကျ၍ အသားအရေကို တင်းရင်းနုပျိုစေသော သောက်ဆေး ဖြစ်သည်။

သုံးစွဲရန်အညွှန်း

တစ်နေ့နှစ်လုံး (သို့မဟုတ်) ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပါ။
ကလေးများ ဆရာဝန်ညွှန်ကြားချက် ရမှသာ သောက်ပါ။

ထားသိုသိမ်းဆည်းပုံအညွှန်း

အေး၍ခြောက်သွေ့သောနေရာ၊ နေရောင်နှင့် ဝေးသောနေရာတွင်ထားပါ။
ကလေးများလက်လှမ်း မမီသောနေရာတွင်ထားပါ။

အရွယ်အစား၊ အရေအတွက် နှင့် အသားတင်ပမာဏ

ဆေးတစ်ကတ်စီ်တွင် ဆေးတောင့် (၁၅)တောင့် ပါဝင်ပြီး ဆေးကတ်(၄)ကတ်ပါဝင်သော ကတ်ထူစက္ကူဘူးဖြင့် ထုတ်ပိုးထားသည်။
 

[Facia Myanmar FAQ]


မေး။ ။ Faciaသောက်သုံးခြင်းကြောင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးများ
 
ဖြေ။ ။ Facia ကို နေ့စဉ် နှစ်လုံး ပုံမှန်သောက်သုံးခြင်းဖြင့် အရေးအကြောင်းကင်းစင်ပြီး နုပျိုတင်းရင်း ဝင်းမွတ် ကြည်လင်သော အသားအရေ၊ တောက်ပကျန်းမာသန်စွမ်းသော ဆံကေသာ ၊ပန်းနုရောင်သမ်းပြီး ကျန်းမာလှပသော လက်သည်း၊ ခြေသည်းများ စတဲ့ (Triple Effects) အကျိုးအာနိသင်များကို ရရှိစေမယ့် သဘာဝအလှဓါတ်စာ တစ်မျိုး ဖြစ်ပါတယ်။
 
မေး။ ။ Faciaသောက်သုံးနည်း? ဘယ်လိုသောက်ရမလဲ? ထမင်းမစားခင်လား စားပြီးလား?
 
ဖြေ။ ။ မနက်တစ်လုံးညနေတစ်လုံးသောက်ရမှာပါ အစာနဲ့ဆက်နွှယ်မှုမရှိတဲ့အတွက် အစာစားပြီးဖြစ်ဖြစ် မစားခင်ဖြစ်ဖြစ် အဆင်ပြေသလိုသောက်လို့ရပါတယ်။
 
မေး။ ။ ယောကျာ်းလေးတွေရောသောက်လို့ရလား? အမျိုးသားသောက်လို့ရလား?
 
ဖြေ။ ။ အသားအရေအတွက်လိုအပ်တဲ့ Collagenနဲ့Antioxidantကိုပြန်လည်းဖြည့်တင်းပေးတဲ့အလှဓာတ်စာ ဖြစ်တဲ့အတွက် ယောကျာ်းလေးတွေလည်းသောက်လို့ရပါတယ်။
 
မေး။ ။ ဘယ်ဆိုင်တွေမှာဝယ်လို့ရမလဲ?
 
ဖြေ။ ။ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ City Careဆိုင်တိုင်းမှာဝယ်ယူလို့ရပါတယ် 

မေး။ ။ ဘေးထွက်ဆိုးကျိုးရှိနိုင်လား? အချိန်ကြာစွဲသောက်လို့ရလား ? အမြဲစွဲသောက်လို့ရလား?
 
ဖြေ။ ။ သဘာဝပစ္စည်းတွေကနေထုတ်လုပ်ထားတာကြောင့်ဘေးထွက်ဆိုး ကျိုးမရှိုနိုင်တဲ့အတွက် လှပလိုသမျှကာလပတ်လုံးသောက်လို့ရပါတယ်။
 
မေး။ ။ ဘယ်လောက်ကြာအောင်သောက်ရင်သိသာမှာလဲ? Faciaသောက်ပြီးဘယ်လောက်ကြာရင်သိသာလဲ? Faciaသောက်တာဘာမှလည်းမသိသာဘူး? ဘာကြောင့်လဲ?
 
ဖြေ။ ။ ဆုံးရှုံးသွားတဲ့ Collagenနဲ့ Antioxidantပေါ် မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး တစ်ချို့လည်း(၂)ကဒ်လောက်သောက်ပြီးမှသိသာကြသိလို တစ်ချို့လည်း (၂)ဗူးလောက်သောက်ပြီးမှ သိသာတာမျိုးလည်းရှိပါတယ် အများစုမှာတော့(၂)လကနေ (၄)လအတွင်းမှာသိသာတဲ့ ရလာဒ်တွေရရှိကြပါတယ်။
 
မေး။ ။ စွဲသောက်ရမှာလား? ဘယ်လောက်ကြာအောင်စွဲသောက်ရမှာလဲ?
 
ဖြေ။ ။ စွဲသောက်မယ်မသောက်ဘူးဆိုတာကတော့မိမိအပေါ်မှာမူတည်ပါတယ် အကျိုးကျေးဇူးတွေမလိုချင်တော့ဘူးဆိုရင်ရပ်လိုက်လို့ရပါတယ် ရပ်လိုက်တဲ့အတွက်ဘေးထွက်ဆိုးကျိုးမရှိုနိင်ပါဘူး
အကျိုးကျေးဇူးတွေလိုချင်တယ်ဆိုရင်တော့ လှပလိုသမျှကာလပတ်လုံးသောက်လို့ရပါတယ်။
 
မေး။ ။ ဘယ်အရွယ်ကနေစသောက်လို့ရလဲ?
 
ဖြေ။ ။ အသက်(၁၈)နှစ်ဆိုရင်စသောက်လို့ရပါတယ်ဘေးထွက်ဆိုးကျိုးမရှိနိုင်တဲ့အတွက်လှပလိုသမျှကာလပတ်လုံးစွဲသောက်လို့ရပါတယ်နော်။
 
မေး။ ။ Faciaသောက်ရင်ဝလာနိုင်လား?
 
ဖြေ။ ။ တချို့လည်း ဝလာတယ်ဆိုပြီးပြောကြတဲ့သူတွေရှိပါတယ် အများစုကတော့ အဆင်ပြေနေကြပါတယ် ဝတယ်မဝဘူးဆိုတာက လူတစ်ဦးရဲ့ အစားအသောက် အနေအထိုင်ရယ် သောက်နေတဲ့အခြားဆေးတွေရယ်၊ ဟော်မုန်း နဲ့ တခြားရောဂါတွေအပေါ်မှာလည်း မူတည်သေးတာဆိုတော့ ဆေးတစ်ခု တည်းကြောင့်ဝတာ ဆိုပြီး ကျိန်းသေပေါက်ပြောဖို့ခက်ပါတယ် တစ်ဦးတစ်ယောက်ချင်းပေါ်မှာလည်းမူတည်ပါတယ် Faciaကို သဘာဝပစ္စည်းတွေကနေထုတ်လုပ်ထားတာကြောင့်ဘေးထွက်ဆိုးကျိုးမရှိနိုင်ပါဘူး။ Customerတွေရဲ့Reviewတွေကိုလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
 
မေး။ ။ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့နို့်တိုက်မိခင်တွေသောက်လို့ရလား?
 
ဖြေ။ ။ ကိုယ်ဝန်ဆောင်မိခင်နဲ့နို့တိုက်မိခင်တွေဆိုရင်မသောက်ပါနဲ့အုံး ကလေးနို့်ပြတ်သွားတဲ့အခါပြန်သောက်လို့ရပါတယ်Faciaမှာဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့အရာတွေမပါဝင်ပါဘူးဒါပေမယ့်ကိုယ်ဝန်ဆောင်မိခင်နဲ့နို့တိုက်မိခင်တွေမှာစမ်းသပ်ထားတာမျိုးမရှိတဲ့အတွက်Safeမဖြစ်မှာစိုးတာပါသက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ပြီး သောက်မယ်ဆိုရင်တော့ သောက်လို့ရပါတယ်။
 
မေး။ ။Faciaသောက်ပြီးဆက်မသောက်ဘဲရပ်လိုက်ရင်အသားအရေလျော့ကျနိုင်လား?
ဆေးမသောက်ဘဲရပ်လိုက်မယ်ဆိုရင်ဘာဖြစ်နိုင်လဲ?အရင်လိုပြန်ဖြစ်သွားမှာလား?
 
ဖြေ။ ။ ဆက်မသောက်ဘဲရပ်လိုက်မယ်ဆိုရင်ဆေးဖြတ်လိုက်တဲ့အတွက်ကြောင့် ဘေးထွက်ဆိုးကျိုးဖြစ်တာမျိုးတွေမရှိနိုင်ပါဘူး။ဆေးဆက်မသောက်တော့တဲ့အခါ အသားအရေဆေးသောက်တုန်းကလောက်ကောင်းမယ်မကောင်းဘူးဆိုတာအတိအကျပြောလို့မရပါဘူး။တစ်ဦးတစ်ယောက်ချင်းအပေါ်မှာမူတည်ပါတယ်။ဆေးမသောက်တော့ပေမယ့်အခြားနည်းလမ်းတွေနဲ့အသားအရေထိမ်းသိမ်းမှုတွေပြုလုပ်နေမယ်ဆိုရင်တော့အသာအရေကကောင်းမွန်ပေါလိမ့်မယ်။အသက်အရွယ်ကြောင့်အိုမင်းရင့်ရော်လာမှုကိုလည်း သတိပြုစေလိုပါတယ်။
 
မေး။ ။ Faciaသောက်ရင်တင်းတိပ်တွေကိုသက်သာစေလား?
 
ဖြေ။ ။ Customerတွေရဲ့ Feedbackအရတော့ တင်းတိပ်တွေကိုလည်းသက်သာစေတယ်လို့သိရပါတယ်။
Faciaသောက်သုံးခြင်းကြောင့်အသားအရေစိုပြည်တင်းရင်းဝင်းမွတ်စေတဲ့အတွက် တင်းတိပ်တွေကိုလည်း လျော့ပါးသက်သာစေနိုင်ပါတယ်။
 
မေး။ ။ ဆေးကို တစ်ပြိုင်တည်းနှစ်လုံးသောက်လိုက်လို့ရလား?
 
ဖြေ။ ။ မနက်တစ်လုံးညနေတစ်လုံးသောက်တာပိုကောင်းပါတယ်။ တချို့သော Customer Feedbackတွေမှာ Faciaသောက်ပြီး အိပ်ငိုက်တယ်ဆိုတာတွေရှိပါတယ်။
ဒီလိုမျိုးအိပ်ငိုက်တတ်တဲ့သူတွေဆိုရင်တော့ မနက်သောက်တဲ့အခါရုံးမှာအဆင်မပြေတာမျိုးတွေရှိနိုင်တာကြောင့် ညဘက်မှ (၂)လုံးတစ်ပြိုင်တည်းသောက်လို့ရပါတယ်။
 
မေး။ ။ အစာအိမ်သမားသောက်လို့ရလား?
Faciaကိုသွေးချို၊ ဆီးချို၊ နှလုံးရောဂါသမားများသောက်လို့ရလား?
 
ဖြေ။ ။ Faciaကို ထွေထွေထူးထူးပြင်ထန်းတဲ့ရောဂါမျိုး (ဥပမာ- ပြင်ထန်းတဲ့အစားအိမ်ရောဂါ) တွေမရှိဘူးဆိုရင်သောက်သုံးလို့ရပါတယ်။
ဘေးထွက်ဆိုးကျိုးဖြစ်စေနိုင်တဲ့အရာမပါဝင်တဲ့အတွက် နှလုံး၊ သွေးတိုး၊ ဆီးချိုသမားများလည်းသောက်လို့ရပါတယ်။
အစာအိမ်ဝေဒနာခံစားနေရတယ်ဆိုရင်တော့ Facia မှာအစာအိမ်ကိုထိခိုက်စေတဲ့အရာမပါဝင်ပေမယ့် သက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ပြီးမှသောက်တာကတော့ပိုစိတ်ချရပါတယ်။


Related Products