HIV ဝေဒနာရှင်များနှင့် ကိုဗစ်ကာကွယ်ဆေး

📌HIV ဝေဒနာရှင်များနှင့် ကိုဗစ်ကာကွယ်ဆေး

❓ကိုဗစ်ကာကွယ်ဆေးဟာ HIV ရောဂါပိုးရှိသူများအတွက် ယုံကြည်စိတ်ချရနိုင်ပါသလား?

✅ကိုဗစ်ကာကွယ်ဆေးအတွက် လေ့လာစမ်းသပ်ချက်တွေမှာ HIV ရောဂါပိုးရှိသူများအနည်းငယ်သာ ပါဝင်စမ်းသပ်ထားပေမယ့် ကမ္ဘာ့ကျန်းမားရေးအဖွဲ့အစည်း (WHO) ကတော့ လတ်တလောအချိန်မှာ ထုတ်လုပ်ထားနိုင်တဲ့ ကိုဗစ်ကာကွယ်​ဆေးတွေဖြစ်တဲ့-

🔹AstraZeneca/Oxford
🔹Johnson and Johnson
🔹Moderna
🔹Pfizer/BionTech
🔹Sinopharm
🔹Sinovac အစရှိတဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ HIV ရောဂါပိုးရှိတဲ့သူတွေအတွက် ယုံကြည်စိတ်ချရကြောင်းဖော်ပြထားပါတယ်။

💉ယခု ထုတ်လုပ်ထားနိုင်တဲ့ ကိုဗစ်ကာကွယ်ဆေးအမျိုးအစားတွေဟာ ခန္ဓာကိုယ်ထဲ၌ ပိုးကောင်ရေမပွါးနိုင်အောင် မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားတဲ့ ဗိုင်းရပ်စ်သာ ပါရှိတဲ့အတွက်ကြောင့် ကိုယ်ခံအားစနစ်ကျဆင်းနေတဲ့သူတွေမှာလဲ စိတ်ချရနိုင်ပါတယ်။ ဒါ့အပြင် HIV ရောဂါပိုးအတွက်သောက်နေရတဲ့ဆေးများနဲ့လဲ 💊ဓာတ်ပြုခြင်းများမရှိကြောင်း ဖော်ပြထားပါတယ်။

❓ကိုဗစ်ကာကွယ်ဆေးဟာ HIV ဝေဒနာရှင်များအတွက် ကာကွယ်မှုပေးစွမ်းနိုင်ပါသလား?

✅စာတွေ့အရတော့ CD4 ပမာဏနည်းနေတဲ့ HIV ဝေဒနာရှင်များဟာ ကာကွယ်ဆေးအပေါ်တုံ့ပြန်မှု အားနည်းနိုင်ပေမယ့် လက်တွေ့မှာတော့ HIV ရောဂါပိုးရှိခြင်း နှင့် CD4 ပမာဏနည်းခြင်းဟာ ကိုဗစ်ကာကွယ်ဆေးအပေါ်တုံ့ပြန်မှုနည်းပါးစေတယ်ဆိုတဲ့ လေ့လာချက်မှတ်တမ်းတွေ မတွေ့ရှိသေးပါဘူး။

💁🏻‍♂️ဒါ့အပြင် နိုင်ငံတစ်ဝှမ်း၌ ကိုဗစ်ကာကွယ်ဆေးထိုးပေးမှုအစီအစဉ်များမှာလဲ ကျန်းမာရေးအလွယ်တကူ ထိခိုက်လွယ်နိုင်တဲ့ HIV ဝေဒနာရှင်များကို ချန်မထားခဲ့သင့်ကြောင်းနဲ့ ဆေးအာနိသင်တိတိကျကျဖော်ပြနိုင်ရန်အတွက် ကိုဗစ်ကာကွယ်ဆေးလေ့လာစမ်းသပ်ချက်များတွင်လဲ ထည့်သွင်းသင့်ကြောင်း ဖော်ပြထားပါတယ်။

❓ကိုဗစ်ကာကွယ်ဆေးများကို HIV ဝေဒနာရှင်များတွင် အရင်ထိုးထားပေးသင့်ပါသလား?

✅တချို့သောနိုင်ငံတွေမှာ HIV ဝေဒနာရှင်တွေ၊ ကိုယ်ခံအားကျဆင်းနေတဲ့သူတွေကို ဦးစားပေးထိုးပေးကြပါတယ်။ HIV ရောဂါပိုးအပြင် တခြားသောရောဂါတွေပါခံစားနေရတဲ့သူတွေမှာ ကိုဗစ်ရောဂါကူးစက်ခံရရင် အသက်အန္တရာယ်ထိခိုက်နိုင်မှုနှုန်း ပိုမိုမြင့်မားနိုင်ပါတယ်။📈

🌐နိုင်ငံပေါင်း (၃၇)နိုင်ငံမှာ စောင့်ကြည့်ထားသောမှတ်တမ်းတွေအရ ကိုဗစ်ရောဂါကူးစက်ခံရလို့ ဆေးရုံတင်ရတဲ့ HIV ဝေဒနာရှင် ၂၃.၁% ဟာ သေဆုံးခဲ့ရပါတယ်။ ဒါ့အပြင် HIV ရောဂါပိုးရှိတဲ့သူတွေဟာ သာမန်သူတွေထက် ကိုဗစ်ဝေဒနာဆိုးရွားမှုနဲ့ အသက်သေဆုံးမှုနှုန်းဟာ ၃၀% ပိုမိုများပြားတယ်လို့ WHO ကထုတ်ပြန်ထားပါတယ်။

👉🏻ဆီးချို၊ သွေးတိုးအစရှိတဲ့ရောဂါများကလဲ HIV ဝေဒနာရှင်တွေမှာ အဖြစ်များလေ့ရှိတဲ့အတွက်ကြောင့် အသက် (၆၅)နှစ်အထက် အမျိုးသား HIV ဝေဒနာရှင် ဆီးချို၊ သွေးတိုးရောဂါပါရှိနေရင်တော့ ပြင်းထန်သောကိုဗစ်ရောဂါခံစားရနိုင်သည့်အပြင် အသက်အန္တရာယ်လဲစိုးရိမ်ရပါတယ်။ ဒါကြောင့် HIV ရောဂါပိုးနဲ့အတူ တခြားသောရောဂါတစ်မျိုးမျိုးပါခံစားနေတဲ့ ဝေဒနာရှင်တွေကို ကိုဗစ်ကာကွယ်ဆေး ဦးစားပေးထိုးပေးသင့်ပါတယ်။

❓WHO နှင့်အတူ တစ်ကမ္ဘာလုံးအနေဖြင့် HIV ဝေဒနာရှင်များအတွက် ဘယ်လိုကူညီပံ့ပိုးသင့်ပါသလဲ?

✅WHO ဟာ ကိုဗစ်ကာကွယ်ဆေး၏ ဘေးကင်စေမှု၊ ဆေးနိသင်ထိရောက​်မှုနဲ့အတူ ကိုဗစ်ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်းကိုလဲ လျှော့ချနိုင်အောင် ကြိုးပမ်းလျက်ရှိပါတယ်။ ကိုဗစ်ကာကွယ်ရေး လုပ်ငန်းဆောင်တာများနဲ့အတူ မဖြစ်မနေရှိသင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ထိန်းသိမ်းထားနိုင်ဖို့လဲ အရေးကြီးပါတယ်။

👇🏻အဲ့ဒါတွေကတော့

🔹ခုလို ကိုဗစ်ကာလမှာ HIV ဝေဒနာရှင်တွေအတွက် Antiretroviral Therapy (ART) ဆေးရရှိနိုင်ရေး

🔹ARTဆေး စပေးခြင်းနဲ့ HIV ကာကွယ်ခြင်း၊ စစ်ဆေးခြင်းလုပ်ငန်းဆောင်တာများ ဆက်လက်လုပ်ဆောင်ရေး

🔹ART ဆေးသောက်ခြင်းဖြင့် HIV ပိုးကောင်ရေလျှော့ချပြီး နောက်ဆက်တွဲရောဂါဆိုးတွေကိုကာကွယ်နိုင်ရေးနှင့် တခြားတွဲဖက်ခံစားနေရသော ရောဂါများကို ရှာဖွေ ကုသနိုင်ရေး

🔹HIV ဝေဒနာရှင်များ ကိုဗစ်ကူးစက်ခံရပါက စောင့်ရှောက်မှုပေးနိုင်ရေး တို့ပဲဖြစ်ပါတယ်။

📌HIV ရောဂါပိုးရှိတဲ့သူတွေမှာ ပြင်းထန်သောကိုဗစ်ရောဂါဝေဒနာခံစားရနိုင်ပါသော်လည်း ART ဆေးနှင့်အတူ တခြားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့် နောက်ဆက်တွဲအန္တရာယ်များကို လျှော့ချနိုင်ဖို့လိုအပ်ပါတယ်။

👉Covid ကာကွယ်ဆေးနှင့်ပတ်သက်သော ကျန်းမာရေးဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)မှ ဖော်ပြထားသည်များကို Zifam ကုမ္ပဏီမှ ယခုလိုတင်ဆက်ပေးထားခြင်းဖြစ်ပါသည်။

📌Ref: WHO, 2021. World Health Organization. [Online]
Available at: https://www.who.int/…/coronavirus-disease-(covid-19…
[Accessed 5 August 2021].

#COVID19 #covid

#covidvacccination #HIV

#WorldHealthOrganizationWHO

#zifam #CaringforWellbeing