• "Zifam Company မှာလုပ်သက် ၆နှစ် ရှိပါပြီ။
    ကျွန်တော်ဟာလွတ်လပ်ပေါ့ပါးတဲ့ လူငယ်ဘဝကနေ ကျောင်းပြီးလို့ ပထမဆုံးZifam Company မှာ အလုပ်စတင်ဝင်ရောက်ချိန်တွင် အခက်အခဲများ၊ အတွေ့အကြုံများရင်ဆိုင်ခဲ့ရပါတယ်။ ထိုအခက်အခဲအတွေ့အကြုံများဖြစ်ပေါ်ရင်ဆိုင်ချိန်မှာ ကျွန်တော့်ကို Company ဟာမိသားစုစိတ်ဓါတ်ဖြင့် ဖေးမကူညီလက်တွဲခေါ်ယူခဲ့ပါတယ်။
    ဒါ့အပြင်Zifam Company ဟာ ဝန်ထမ်းတွေကို အရမ်းကိုတန်ဖိုးထားတတ်ပြီးအောင်မြင်မှုတွေရရှိအောင် တွန်းပို့ပေးတဲ့အတွက် အရမ်းကိုကျေနပ်မိပါတယ်။"



    U  Maung Kyaw
    Medical Representative (Pakokku)
  • "Zifamမှာအလုပ်လုပ်တာ ၁၉ နှစ်ရှိပါပြီ။ ဒီမှာလုပ်ရတာအကြိုက်ဆုံးကတော့ လုပ်ပိုင်ခွင့် (empowerment) ပေးထားပြီးကိုယ်စွမ်းကိုယ်စရှိသလောက် ဖော်ထုတ်ခွင့် ကြိုးစားခွင့်ရတာပါဘဲ။ ဒီ ၁၉ နှစ်အတွင်းမှာဆရာသမားကောင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်းများနဲ့ တွေ့ဆုံပြီးပညာအတွေ့ အကြုံတွေ အများကြီးရပါတယ်။ ဘဝအဆင့်အတန်းလည်း မြင့်တက်ခဲ့ပါတယ်။"


    Daw  Mya Mya Than
    Business Director
  • "Zifamရဲ့ အထူးခြားဆုံးကတော့ Job Secruityရှိတယ်။ မြန်မာပြည် Operation က ပင်မရေသောက်မြစ် နဲ့ ပင်စည် ဖြစ်နေလို့ပါ။ 2007-2008 တစ်ကမ္ဘာလုံးမှာ economic recession ဖြစ်တဲ့အချိန်မှာကိုယ်တွေကအလုပ်ပြုတ်သွားမှာကိုသိပ်ပြီးစိတ်မပူခဲ့ရပါဘူး။ နောက်တစ်ခုကတော့ ကိုယ့်ရဲ့အတွေးနဲ့ ပုံဖော်ခွင့်ရနေတာပါပဲ။ အားလုံးကိုကျေးဇူးတင်လျှက်ပါ။"


    U  Myo Thainkha
    Business Director
  • "လုပ်သက် ၁၁ နှစ်ရှိပါပြီ။ နွေးထွေးပျော်ရွှင်ပြီး မိသားစုပုံစံ ပေါက်တဲ့ အဖွဲ့အစည်းထဲမှာ ခွဲခြားဆက်ဆံမှု မရှိဘဲ လုပ်ကိုင်ရတဲ့ အတွက် အတိုင်းမသိ ပျော်ရွှင်ရပါတယ်။"


    Daw  Nan Yemon Phyoe
    Sales Manager

Latest Promotion