Covid ကာကွယ်ဆေးထိုးပြီးသူများနှင့် လေ့ကျင့်ခန်းပြုလုပ်ခြင်း
Covid ကာကွယ်ဆေးထိုးမည့်သူများ၊ အထူးသဖြင့် အသက် (၃၀) အောက်လူငယ်များကို အဓိကအသိပေးလိုတာကတော့ ပထမအကြိမ်ပဲဖြစ်ဖြစ် ဒုတိယအကြိမ်ပဲဖြစ်ဖြစ် ကာကွယ်ဆေးထိုးပြီးတဲ့အချိန်မှာ တစ်ပတ်တိတိ ပြင်းထန်တဲ့လေ့ကျင့်ခန်း/အားကစား ပြုလုပ်ခြင်းကိုအထူးရှောင်ကြဉ်သင့်ပါတယ်။
စင်္ကာပူနိုင်ငံကျန်းမာရေးဝန်ကြီးဌာန (Ministry of Health, Singapore) ရဲ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့ ထုတ်ပြန်ချက်မှာဆိုရင် mRNA အသုံးပြုပြီးထုတ်လုပ်ထားတဲ့ Covid ကာကွယ်ဆေးထိုးထားသူများအနေနဲ့ နှလုံးကြွက်သားရောင်ရမ်းခြင်း(Myocarditis) နှင့် နှလုံးအပြင်ဘက်အလွှာရောင်ရမ်းခြင်း (Pericarditis) တို့ကိုကာကွယ်နိုင်ဖို့အတွက် အနည်းဆုံး တစ်ပတ်ခန့် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေဖြစ်တဲ့ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ ပြေးခြင်း၊ အလေးမခြင်း၊ ဘောလုံးကန်ခြင်း၊ Racket Games တွေဖြစ်တဲ့ တင်းနစ်ရိုက်ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ နှင့် အခြားယှဉ်ပြိုင်ကစားရတဲ့ အားကစားပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ဖို့အကြံပြုထားပါတယ်။
ဒါပေမယ့် သာမန်ကိုယ်လက်လှုပ်ရှားမှုတွေဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ မတ်တပ်ရပ်ပြီးအလုပ်လုပ်ခြင်း၊ အကြောလျှော့လေ့ကျင်းခန်းများပြုလုပ်ခြင်း၊ အိမ်မှုကိစ္စများပြုလုပ်ခြင်း များကိုတော့ပြုလုပ်နိုင်ပါတယ်။
ဒါကြောင့် မိမိထိုးမည့်ကာကွယ်ဆေးအမျိုးအစားဟာ mRNA အမျိုးအစားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ Covid ကာကွယ်ဆေးထိုးမည့်သူများကို တစ်ပတ်ခန့်ပြင်းထန်တဲ့လေ့ကျင့်ခန်းများမလုပ်ဖို့ အသိပေးတိုက်တွန်းပါရစေ။
References
MOHSG, 2021. moh.gov.sg. [Online]
Available at: https://www.moh.gov.sg/…/expert-committee-on-covid-19…
[Accessed 3 Aug 2021].
MOHSG, 2021. moh.gov.sg. [Online]
Available at: https://www.moh.gov.sg/…/faqs—post-vaccination-matters
[Accessed 3 Aug 2021].
