COVID အလွန် အသည်းကျန်းမာရေး

COVID အလွန် အသည်းကျန်းမာရေး

👉COVID-19 ရောဂါဖြစ်ရင် ၆၀ ရာခိုင်နှုန်းခန့်ဟာ ရောဂါပိုးကြောင့်သော်လည်းကောင်း၊ ကုသတဲ့ဆေးဝါးများကြောင့်သော်လည်းကောင်းအသည်းကိုထိခိုက်စေနိုင်ပါတယ်။

📌ဒါ့ကြောင့် COVID-19 ဖြစ်ပြီးပြန်လည်ကျန်းမာလာသူများအနေနဲ့အသည်းကိုထိခိုက်စေနိုင်တဲ့အပြုအမူများဖြစ်တဲ့
🥃အရက်အလွန်အကျွံသောက်ခြင်း၊
🚭ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊
💊မလိုအပ်ပဲ ဆေးဝါးများသောက်သုံးခြင်း၊
🍛အဆီများသောအစားအစာများစားသုံးခြင်းနှင့်
🌶ဆိုးဆေး/မှို ပါသောအစားအစာများစားသုံးခြင်း တို့ကိုအထူးရှောင်ကြဉ်သင့်ပါတယ်….

🧐International Journal of Medical Sciences မှာဖော်ပြထားတဲ့သုတေသနစာတမ်းအရ COVID-19 ရောဂါကူးစက်ခံရသူတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကအသည်းကိုထိခိုက်နိုင်ခြေရှိကြောင့်ဖော်ပြထားပါတယ်။ ၇၆.၃ ရာခိုင်နှုန်းလောက်က အသည်းဆေးစစ်ချက်များမကောင်းတာဖြစ်ကြပြီး ၂၁ ရာခိုင်နှုန်းလောက်က ဆေးရုံတက်နေစဉ်အသည်းထိခိုက်မှုများဖြစ်တတ်ကြပါတယ်။ Journal of Ultrasound in Medicine သုတေသနစာတမ်းတစ်ခုမှာလည်း COVID-19 ဖြစ်ထားသူတွေကို Multiparametric Ultrasound နှင့်စမ်းသပ်ရာမှာ ၅၀ ရာခိုင်နှုန်းခန့်ဟာ အသည်းထိခိုက်မှုများရှိတာကိုတွေ့ရပါတယ်။

ဘယ်လိုလူတွေက အသည်းပိုထိခိုက်နိုင်သလဲ။

📌 COVID-19 ရောဂါလက္ခဏာများပြင်းထန်စွာခံစားရသူများ
ပြင်းထန်အဆုတ်ရောဂါအခံရှိသူများ
📌အသက်ကြီးသူများ
📌ကိုယ်အလေးချိန်များသူများ/အဝလွန်သူများ
📌အသည်းရောဂါအခံရှိသူများ ဟာ သာမန်လူတွေထက် COVID-19 ကြောင့်အသည်းထိခိုက်နိုင်ခြေပိုများကြောင်းနှင့် COVID-19 ကြောင့်အသည်းထိခိုက်မှုဟာများသောအားဖြင့် သိပ်ဆိုးဝါးလေ့မရှိတတ်ပဲ ကုသစရာမလိုအပ်ပဲပြန်ကောင်းနိုင်ပါတယ်ဆိုပြီး Virology Journal မှ စာတမ်းတစ်ခုမှာဖော်ပြထားပါတယ်။

📣COVID-19 ရောဂါပိုးဟာ အနည်းနဲ့အများ အသည်းကိုထိခိုက်စေနိုင်တဲ့အတွက် COVID-19 ရောဂါဖြစ်ပြီး ပြန်လည်သက်သာလာသူများအနေနဲ့ အသည်းကျန်းမာရေးကိုအထူးဂရုစိုက်ဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

#Zifam #CaringforWellbeing

Ref:

Radzina, M., Putrins, D.S., Micena, A., Vanaga, I., Kolesova, O., Platkajis, A. and Viksna, L. (2021). Post‐COVID ‐19 Liver Injury. Journal of Ultrasound in Medicine.

‌Yu, D., Du, Q., Yan, S., Guo, X.-G., He, Y., Zhu, G., Zhao, K. and Ouyang, S. (2021). Liver injury in COVID-19: clinical features and treatment management. Virology Journal, 18(1).

Doi.org. (2021). Liver function recovery of COVID-19 patients after discharge, a follow-up study. [online] Available at: https://dx.doi.org/10.7150%2Fijms.50691 [Accessed 1 Sep. 2021].