Covid ဖြစ်ပြီးမှ ပိုပြီးမေ့တတ်လာတယ်

🤔Covid ဖြစ်ပြီးမှ ပိုပြီးမေ့တတ်လာတယ်။ တခုခုဆို တော်တော်ပြန်စဉ်းစားယူနေရတယ်။ ဒါဆိုရင်တော့ Brain Fog လက္ခဏာခံစားနေရတာပဲဖြစ်ပါတယ်။

❓Brain Fog ဆိုတာ ဘာလဲ?

🦠ကိုဗစ်လက္ခဏာတွေသက်သာပြီးတဲ့နောက်မှာ ၂၀-၃၀% သောလူနာတွေဟာ Brain Fog လို့ခေါ်တဲ့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာလက္ခဏာတွေကို ခံစားရတတ်ပါတယ်။

🧠Brain Fog ဆိုတာ ဆေးပညာအသုံးအနှုန်းတော့မဟုတ်ပါဘူး။ လူတွေနေ့စဉ် ပုံမှန်လုပ်နေကြအလုပ်တွေကို လုပ်ဆောင်ရာမှာ –

– အာရုံစူးစိုက်၍မရခြင်း
– သတိမေ့တတ်ခြင်း
– ခေါင်းကိုက်ခြင်း
– စိတ်ရှုပ်ထွေးခြင်း
– ပင်ပန်းနွမ်းနယ်ခြင်းများ ခံစားနေရတာကို Brain Fog လို့ခေါ်ပါတယ်။

👆🏻အထက်ပါလက္ခဏာတွေဟာ တချို့သောသူတွေမှာ ၃လ လောက်ကြာလျှင်သက်သာသွားနိုင်ပေမယ့် တချို့သူတွေမှာတော့ ဒီထက်ပိုကြာကြာခံစားရတတ်ကြောင်းတွေ့ရှိရပါတယ်။

❓ဘာကြောင့် Brain Fog ဖြစ်စေပါသလဲ?

Brain Fog ဖြစ်စေတဲ့အကြောင်းအရင်းတွေကိုတော့ အဖြေအတိအကျ မသိရှိရသေးဘဲ ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့

– အောက်ဆီဂျင်ရရှိမှု ပမာဏနည်းခြင်း
– ဦးနှောက်ဆဲလ်များ ရောင်ရမ်းခြင်း
– Autoimmune Disorder လို့ခေါ်တဲ့ မိမိကိုယ်ခံအားစနစ်က မိမိခန္ဓာကိုယ်ဆဲလ်များအား မှားယွင်းစွာပြန်တိုက်ခိုက်ခြင်း
– သွေးကြောများရောင်ရမ်းခြင်းကြောင့် ဦးနှောက်ထံသွေးရောက်ရှိမှုနည်းပါးခြင်း
– ရောဂါဖြစ်စေသောဆဲလ်များ ဦးနှောက်ထဲသို့ထိုးဖောက်ဝင်ရောက်ခဲ့ခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ပါတယ်။

👇🏻တခြားဖြစ်နိုင်တဲ့အကြောင်းအရင်းတွေကတော့

– အိပ်ရေးမ၀ခြင်း
– အစားအသောက်မမှန်ခြင်း
– ကိုယ်လက်လှုပ်ရှားမှုများမရှိခြင်း
– စိုးရိမ်ပူပန်မှုများခြင်း၊ စိတ်ဓာတ်ကျခြင်း
– အထီးကျန်ခြင်း တို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။

❓ဘယ်လိုနည်းလမ်းတွေက Brain Fog လက္ခဏာများကိုသက်သာ​စေနိုင်ပါသလဲ?

ဦးနှောက်နဲ့ ကိုယ်စိတ်ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းတွေဖြစ်တဲ့

✅အိပ်ရေး၀အောင်အိပ်စက်ပေးခြင်း

✅အစာအာဟာရပြည့်၀အောင်စားပေးခြင်း

✅ပေါ့ပါးသော ကိုယ်လက်လှုပ်ရှားမှုများ လုပ်ဆောင်ပေးခြင်း

✅ဆေးလိပ်၊ အရက်များကို လုံး၀ရှောင်ကြဉ်ပေးခြင်းဖြင့် Brain Fog လက္ခဏာများကိုသက်သာစေနိုင်ပါတယ်။

Reference:

📌Fleming, T. (2021, September 1). Hackensack Meridian Health. Retrieved from https://www.hackensackmeridianhealth.org/…/can-covid…/

📌Yetman, D. (2021, September 1). Healthline. Retrieved from https://www.healthline.com/health/covid-brain-fog#causes

#zifam #CaringforWellbeing

#covid #COVID19

#brainfog