Covid အလွန် အစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Covid အလွန် အစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

👉Covid ဟာ အစာအိမ်နှင့်အူလမ်းကြောင်းပေါ်မှာ သက်ရောက်မှုရှိမှန်း အရင်တုန်းကသေချာမသိခဲ့ကြပါဘူး။ ဒါပေမယ့် Covid ဖြစ်ပွားမှုနှုန်းမြင့်တက်လာတာနဲ့အမျှ(အထူးသဖြင့် ဒုတိယလှိုင်းလောက်ကစပြီး) ရောဂါလက္ခဏာပြသူတွေထဲမှာ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေခံစားလာရတာကိုတွေ့ရှိရပါတယ်။ အထူးသဖြင့် ဝမ်းလျှောခြင်းကို အများဆုံးတွေ့ရတတ်ပါတယ်။ ဒါ့အပြင် မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်း စတဲ့လက္ခဏာများလည်းတွေ့ရတတ်ပါတယ်။

🕵အမေရိကန်နိုင်ငံမှာ လူပေါင်း ၇၃၀၀၀ ကျော်ကိုလေ့လာထားတဲ့သုတေသနစာတမ်းတစ်ခုအရ Covid ရောဂါသက်သာပျောက်ကင်းသွားတဲ့သူတွေမှာ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါလက္ခဏာတွေဖြစ်တဲ့ အစာစားချင်စိတ်လျော့နည်းခြင်း၊ဝမ်းဗိုက်မအီမသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်းနှင့် အူလမ်းကြောင်းလှုပ်ရှားမှုမမှန်ခြင်း (Irritable Bowel Syndrome) တို့ကိုခံစားနေကြရတာကိုတွေ့ရှိရပါတယ်။ ဒါ့အပြင် Covid ရောဂါသက်သာပျောက်ကင်းသွားတဲ့သူတွေဟာ ဝမ့်ပျော့ဆေးများနှင့် အစာအိမ်အိမ်ဆေးများကိုလည်း ပိုမိုသုံးစွဲလာရတယ်လို့ အဆိုပါသုတေသနစာတမ်းမှာဖော်ပြထားပါတယ်။

ဒါ့ကြောင့် Covid ရောဂါသက်သာပျောက်ကင်းပြီးသူတွေအနေနဲ့

🥦Probiotic နဲ့ Prebiotic ပါဝင်တဲ့အစားအစာများ (ဥပမာ – ဒိန်ချဉ်၊ အသီးအနှံ၊ ဟင်းသီဟင်းရွက်၊ အစေ့အဆံများ စသည်ဖြင့် )

🍗အသားဓာတ်ကြွယ်ဝတဲ့အစားအစာများ (ဥပမာ – နို့နှင့်နို့ထွက်ပစ္စည်းများ၊ သားငါးများ၊ ကြက်ဥ စသည်ဖြင့်)

🥜Omega3 ကြွယ်ဝတဲ့အစားအစာများ (ဥပမာ – ဗာဒံစေ့၊ သစ်ကြားသီး၊ ငါးနှင့်ပင်လယ်စာများ စသည်ဖြင့်) ကိုစားသုံးသင့်ပါတယ်။

💧ရေကိုတစ်နေ့ ၂ လီတာမှ ၃ လီတာ ခန့်သောက်သုံးသင့်ပါတယ်။

🍔အသင့်စားအစားအစာများစားသုံးခြင်း၊ အစားအသောက်ကို အလွန်မကျွံစားသုံးခြင်းတို့ကိုရှောင်ကြဉ်ပြီး နေ့စဉ်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ဖို့လည်းအရေးကြီးပါတယ်။

📣Covid အလွန် အစာအိမ်အူလမ်းကြောင်းရောဂါလက္ခဏာများ ပိုမိုပြင်းထန်လာပါက တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးဖို့လိုအပ်ကြောင်း အသိပေးနှိုးဆော်အပ်ပါတယ်။

#Zifam #CaringforWellbeing
Ref:
Medscape. 2021. Post-COVID-19 GI Symptoms: Are We in for the Long Haul?. [online] Available at: <https://www.medscape.com/viewarticle/950733> [Accessed 25 August 2021].

Al-Aly, Z., Xie, Y. and Bowe, B., 2021. High-dimensional characterization of post-acute sequelae of COVID-19. Nature, 594(7862), pp.259-264.

The Indian Express. 2021. Digestive issues after COVID-19: Watch out for these symptoms. [online] Available at: <https://indianexpress.com/…/digestive-issues-after…/> [Accessed 25 August 2021].