Covidအလွန် စိတ်ကျန်းမာရေး

Covidအလွန် စိတ်ကျန်းမာရေး

👉လူတစ်ယောက် ကျန်းမာနေတယ်လို့သတ်မှတ်ဖို့ဆိုရင် ကိုယ်ရော စိတ်ပါ ကျန်းမာနေရပါမယ်။ Covid 19 ရောဂါကနေပြန်လည်ကျန်းမာလာပြီလို့သတ်မှတ်တဲ့နေရာမှာ ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတွေကိုပဲ အာရုံစိုက်မိကြတာများပါတယ်။ စိတ်ကျန်းမာရေးကိုလည်း မေ့လျော့မနေသင့်ပါ။

🕵Lancet Psychiatry Journal(April 6, 2021) မှ သုတေသနစာတမ်းတစ်ခုအရဆိုရင် လူသုံးယောက်မှာ တစ်ယောက်ခန့်ဟာ Covid ဖြစ်ပြီး ခြောက်လအကြာမှာ စိတ်ကျန်းမာရေးဆိုင်ရာ နှင့် ဦးနှောက်အာရုံကြောကျန်းမာရေးဆိုင်ရာ ရောဂါများခံစားနေကြရပါတယ်။

📌အဆိုပါ သုတေသနစာတမ်းတွင် Covid ဖြစ်ပြီးပြန်လည်ကျန်းမာလာသူ ၂၃၆၀၀၀ ကျော်ကိုစမ်းသပ်ထားပြီး စိတ်ကျန်းမာရေးဆိုင်ရာ နှင့် ဦးနှောက်အာရုံကြောကျန်းမာရေးဆိုင်ရာ ရောဂါလက္ခဏာများကိုခြောက်လအကြာမှာစစ်ဆေးထားပါတယ်။ စစ်ဆေးချက်များအရ ၃၄% ခန့် (သို့) သုံးပုံတစ်ပုံခန့်ဟာ အဆိုပါ ရောဂါလက္ခဏာများကိုခံစားနေရတာကို တွေ့ရှိခဲ့ရပါတယ်။

😔အဖြစ်အများဆုံး စိတ်ကျန်းမာရေးဆိုင်ရာရောဂါများကတော့ စိုးရိမ်စိတ်များခြင်း (Anxiety)၊ စိတ်ခံစားချက်မူမမှန်ခြင်း (Mood Disorders)၊ အိပ်မပျော်ခြင်း (Insomnia) ဖြစ်ပါတယ်။

🧠ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါများကတော့ ဖြစ်ပွားမှုနှုန်းနည်းပါတယ်။ အများဆုံးကြုံရတတ်တာကတော့ လေဖြတ်ခြင်း (Ischeamic Stroke)၊ ဦးနှောက်အတွင်းသွေးယိုစိမ့်မှုဖြစ်ခြင်း (Intracranial Heamorrhage)၊ အာရုံကြောဆိုင်ရာရောဂါများ (Nerve, nerve root, or plexus disorders) တို့ဖြစ်ပါတယ်။

👉စိတ်ကျန်းမာရေးဆိုင်ရာ နှင့် ဦးနှောက်အာရုံကြောကျန်းမာရေးဆိုင်ရာ ရောဂါများဟာ Covid ဖြစ်စဉ်က ပြင်းထန်အဆင့်ရှိသူများမှာပိုမိုခံစားရနိုင်ကြောင်းကိုလည်းတွေ့ရှိရပါတယ်။

👉ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေနဲ့လည်း စိတ်ကျန်းမာရေးဆိုင်ရာ နှင့် ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါခံစားနေသူများဟာ သာမန်လူများထက် Covid ကြောင့် အဆိုပါရောဂါများပိုမိုဆိုးဝါးနိုင်ပြီး အသက်သေဆုံးသည်အထိဖြစ်နိုင်ကြောင်းကို သတိပေးထားပါတယ်။

📣ဒါ့ကြောင့် Covid အလွန်ကာလမှာ လူနာများကို စိတ်ပိုင်းဆိုင်ရာ ဖေးမကူညီပေးခြင်း၊ အားပေးခြင်း၊ အဖော်ပြုပေးခြင်း တို့ပြုလုပ်ပေးပါ။ Covid 19 ဖြစ်ပြီးနောက်ပိုင်းမှာလည်း စိတ်ကျန်းမာရေးဆိုင်ရာ နှင့် ဦးနှောက်အာရုံကြောကျန်းမာရေးဆိုင်ရာ ရောဂါလက္ခဏာများကိုခံစားရပါက မပေါ့ဆသင့်ပဲ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်များနဲ့တိုင်ပင်ကုသဖို့အကြံပြုတိုက်တွန်းနှိုးဆော်အပ်ပါတယ်။

#Zifam #CaringforWellbeing

Ref:
Taquet, M. et al., 2021. 6-month neurological and psychiatric outcomes in 236 379 survivors of COVID-19: a retrospective cohort study using electronic health records. The Lancet Psychiatry, Volume 8, pp. 416-427.

WHO, 2020. World Health Organization. [Online]
Available at: https://www.who.int/…/05-10-2020-covid-19-disrupting…
[Accessed 24 Aug 2021].