☀️ နေရောင်ခြည်ဒဏ်နှင့် အရေပြားအန္တရာယ် (UV Radiation & Skin Damage)

☀️ နေရောင်ခြည်ကို အဓိကအားဖြင့် UVA, UVB နှင့် UVC rays ဆိုပြီး သုံးမျိုးခွဲခြားထားပါတယ်။

☀️ UVC ray ကိုတော့ အိုဇုန်းလွှာမှ စုပ်ယူထားနိုင်တဲ့အတွက် ကမ္ဘာမြေပေါ် ကျရောက်ခြင်း မရှိပါဘူး။

☀️ UVA နှင့် UVB rays များကတော့ အရေပြားပေါ်တိုက်ရိုက်ကျရောက်နိုင်ပြီး နေလောင်ဒဏ် (Sunburns) နှင့် နေရောင်ကြောင့် အသားညိုခြင်း (Skin Tanning) တို့ကို ဖြစ်ပေါ်စေပါတယ်။ 

ဒီ UVA, UVB rays တွေနဲ့ အချိန်အကြာကြီး ထိတွေ့မယ်ဆိုရင်တော့ နောက်ဆက်တွဲအနေနဲ့ အရေပြားနီရဲ/ အရည်ကြည်ဖုများထခြင်း (Heat Rash)၊ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း (Premature Aging)၊ အရေပြားကင်ဆာ နှင့် မျက်စိအမြင်အာရုံ ထိခိုက်သောရောဂါများ ဖြစ်လာနိုင်ပါတယ်။

☀️ UVB rays တွေရဲ့ပြင်းအား (Intensity) ဟာဆိုရင် အခုလိုနွေရာသီရဲ့ နံနက် (၁၀) နာရီ မှ ညနေ (၄) နာရီအတွင်းမှာ အပြင်းဆုံးဖြစ်တဲ့အတွက် အန္တရာယ်အရှိဆုံးပဲဖြစ်ပါတယ်။

ဒါကြောင့် ယခုလိုပူပြင်းတဲ့ရာသီမှာ…

(၁) မလိုအပ်ပဲ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ပါ။
(၂) အပြင်ထွက်ရင် နေရောင်ဒဏ်မှ ကာကွယ်ပေးနိုင်သော အဝတ်အစားများ (ချည်သားအင်္ကျီ၊ ပွယောင်းသောအင်္ကျီ) ကို ရွေးချယ်ဝတ်ဆင်ပါ။
(၃) ဦးထုပ်နှင့် နေကာမျက်မှန်တို့ကို တပ်ဆင်သင့်ပါတယ်။
(၄) အရေးကြီးဆုံးအနေနဲ့ အပြင်ထွက်တိုင်း SPF 30 နှင့်အထက် ပါဝင်သော Sunscreen ကို မဖြစ်မနေလိမ်းပေးသင့်ပါတယ်။ Sunscreen ကို အပြင်မထွက်ခင် မိနစ် (၃၀) ခန့် ကြိုတင်လိမ်းသင့်ပြီး (၂) နာရီခြား တစ်ခါပြန်လိမ်းပေးရန်လည်း လိုအပ်ပါတယ်။

ဒီအစီအစဉ်ကို Australia နိုင်ငံထုတ် Facia (Collagen with Antioxidant) မှ ကျန်းမာရေးဗဟုသုတအနေဖြင့် တင်ဆက်ပေးထားခြင်း ဖြစ်ပါတယ်။

References:

Vandergriendt, C. (2019). ’ ? [online] Healthline. Available at: https://www.healthline.com/health/skin/uva-vs-uvb.

SE Radiation Oncology Group. (2015). ? [online] Available at: https://treatcancer.com/blog/how-the-sun-damages-skin/

#sunburn #uvprotection #sunprotection
#တမုထူးခြားဟောသဘာဝရဲ့အလှဓာတ်စာ #facia
#Zifam #CaringforWellbeing

 


Related Posts