Homestay ကြာလာခြင်းနှင့် Screen Time ပြဿနာများ…

🏠Homestay ကြာလာခြင်းနှင့် 📱Screen Time ပြဿနာများ
==========================================

📌ယခုလို COVID-19 ဖြစ်ပွါးနေတဲ့အချိန်မှာ မိမိနှင့် မိမိ မိသားစုကို ကာကွယ်နိုင်ရေးအတွက် အိမ်မှာနေခြင်းဟာ အကောင်းဆုံးသောနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒီလို အိမ်မှာနေနေရတဲ့အချိန်တွေမှာ-
၁။ သတင်းအချက်အလက်တွေရှာဖွေနိုင်ဖို့နှင့်
၂။ စိတ်ပင်ပန်းမှုတွေကိုသက်သာစေဖို့ Facebookနှင့် တစ်ခြားသော Social Media တွေကိုအသုံးပြုနှုန်းမှာလဲ တစ်နေ့တစ်ခြားပိုမိုများပြားလာတာကို တွေ့ရှိရပါတယ်။

📈(၂၀၁၉)ဧပြီလ စစ်တမ်းအရ မြန်မာနိုင်ငံမှာ Facebook အသုံးပြုတဲ့လူဦးရေဟာ (၁၉)သန်းသာရှိပြီး (၂၀၂၀)ဧပြီလမှာတော့ (၂၅)သန်းကျော်ထိမြင့်တက်လာပြီး ဒါဟာမြန်မာတစ်နိုင်ငံလုံးလူဦးရေရဲ့ (၄၅.၇%)ထိရှိနေပြီလို့ NapoleonCat Website မှာဖော်ပြထားတာတွေ့ရှိရပါတယ်။ အခုဆိုရင် Facebook အသုံးပြုတဲ့လူဦးရေများပြားလာရုံတင်သာမကပဲ တစ်နေ့တာအသုံးပြုတဲ့ကြာချိန်လဲ မြင့်တက်လာတာကိုတွေ့ရှိရပါတယ်။

📌ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများနှင့် ကျန်းမာရေးပညာရှင်များကတော့ အသက်(၁၂)နှစ်အောက် ကလေးတွေမှာ Screen Time ကို တစ်နေ့လျှင် (၁)နာရီသာရှိသင့်ပြီး လူကြီးတွေမှာတော့ တစ်နေ့ကို (၂)နာရီသာ ရှိသင့်ကြောင်း အကြံပေးထားပါတယ်။ ဖုန်း၊ ကွန်ပြူတာ၊ တီဗီ အစရှိတဲ့စက်ပစ္စည်းတွေမှ ထွက်တဲ့အပြာရောင်အလင်းတန်းတွေဟာ Melatonin လို့ခေါ်တဲ့ဟော်မုန်းထွက်စေမှုကိုနည်းစေတဲ့အတွက် ညဖက်အိပ်မပျော်တဲ့ဝေဒနာကိုခံစားရစေနိုင်ပါတယ်။ နောက်ထပ်တစ်ချက်ကတော့ အမြင်အာရုံကိုဆိုးရွားစွာထိခိုက်စေတာပဲဖြစ်ပါတယ်။

📌ဒါကြောင့် မိမိတို့အနေနဲ့ Homestay ကာလအတွင်းမှာ-
တတ်နိုင်သလောက် Screen Time ကိုလျှော့ချပေးပါ။
ဖုန်းအသုံးပြုပြီးချိန်တိုင်း အဝေးတစ်နေရာကိုကြည့်ပေးခြင်း၊ အစိမ်းရောင်ရှိတဲ့အရာများကို ကြည့်ပေးခြင်းများပြုလုပ်ပေးပါ။
Vitamin A နှင့် အခြားသော Antioxidants များကြွယ်ဝစွာပါဝင်တဲ့ သစ်သီးဝလံများ စားသုံးပေးပါ။
မျက်စိအားဖြည့်ဆေးတစ်မျိုးမျိုးသောက်သုံးပေးပါ လို့အကြံပေးရင်း မြန်မာပြည်သူပြည်သားများအားလုံး COVID-19 ရောဂါဘေးမှကင်းဝေးပြီး စိတ်ချမ်းသာကိုယ်ကျန်းမာစွာနေနိုင်ကြပါစေလို့ Zifam Myanmar မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🙏🏻🙏🏻🙏🏻

#Zifam #CaringforWellbeing
#Opticaမျက်စိအားဖြည့်ဆေး

Homestay ကြာလာခြင်းနှင့် Screen Time ပြဿနာများ…


Related Posts