📌ဆံပင်ကျွတ်စေတဲ့ အကြောင်းအရင်းများ …
❤️ ဆံကေသာနည်းနည်းပါးရာကနေ ဆံပင်လုံးဝကျွတ်ပြီး ပြောင်သွားတဲ့အထိ အမျိုးမျိုးသော ဆံပင်ကျွတ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ တချို့က ခဏတာ ဆံပင်ကျွတ်စေတဲ့ (Temporary Hair Loss) အကြောင်းရင်းတွေ ရှိသလို တချို့က လုံးဝ ဆံပင်ကျွတ်စေတဲ့ (Permanent Hair Loss) အကြောင်းရင်းတွေလည်း ရှိကြပါတယ်။
📌 ဒါဆို ဆံပင်ကျွတ်များစေတဲ့ လူတွေ သိပ်မသိသေးတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်နိုင်သလဲ…
👉 ဆံပင်ကို ပုံသဏ္ဍာန် အမျိုးမျိုး ပြောင်းလဲတတ်တဲ့သူတွေ (ဥပမာ- Pony Tails လိုမျိုး ဆံပင်ကို တင်းတင်းကြပ်ကြပ်စည်းထားလေ့ရှိတဲ့သူတွေ၊ Braidsနှင့် Corn Rows တို့လိုမျိုး ဆံပင်ကို အလိမ်အကောက်တွေ၊ ကျစ်ဆံမြီး ကျစ်လေ့ရှိတဲ့သူတွေမှာ ဆံပင်ကို အရင်းကနေ ဆွဲပြီး တင်းတင်းကြပ်ကြပ် စည်းထားသောကြောင့် ဆံသားတွေ ပျက်စီးပြီး ဆံပင်ကျွတ်များစေပါတယ်)
👉 ကိုယ်ဝန်ဆောင်နေချိန်၊ ကလေးမွေးဖွားပြီးချိန်၊ သွေးဆုံးတဲ့အချိန် စတဲ့ ဟော်မုန်းအပြောင်းအလဲ ဖြစ်တဲ့အချိန်
👉 Alopecia Areata လိုမျိုး ဆံပင်အကွက်လိုက် ဖြစ်စေတဲ့ ရောဂါရှိသူတွေ
👉 ဦးရေပြားမှာ Ringworm ရောဂါပိုးရှိသူတွေ
👉 မိမိဆံပင်ကို မိမိ ဆွဲနုတ်တတ်တဲ့ ရောဂါ (Trichotillomania) ရှိသူတွေ
👉 ဦးခေါင်းကို ဓါတ်ရောင်ခြည် Radiation ပြထားတဲ့သူတွေ
👉 ရုပ်ပိုင်းဆိုင်ရာ (သို့) စိတ်ပိုင်းဆိုင်ရာ (Shock) ထိတ်လန့်မှုကြုံတွေ့ခဲ့ရတဲ့သူတွေ စတဲ့သူတွေမှာ ဆံပင်ကျွတ်ခြင်းကို ခံစားရလေ့ရှိပါတယ်။
———————————————-
📌 ဆံပင်ကျွတ်တာကို ဘယ်လို သတိထားမိနိုင်ပါသလဲ…
💙 ပုံမှန်အားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို ဆံပင် ၅၀ ကနေ ၁၀၀ ဝန်းကျင်ခန့် ကျွတ်တတ်ကြသော်လည်း ဆံပင်ကျွတ်တာနဲ့ ဆံပင်အသစ်ပြန်ပေါက်တဲ့အတွက် ဒီပမာဏဟာ တစ်ခါတလေ သတိမပြုမိဘဲနဲ့တောင် ရှိနေတတ်ပါတယ်။ ဒီပမာဏထက်ပိုများတယ်၊ ဆံပင်ကျွတ်သလောက် ဆံပင်အသစ်ပြန်မပေါက်နေရင်တော့ သတိထားမိနိုင်ပါတယ်။
ဥပမာ –
👉 ခေါင်းဖြီးလိုက်လို့ ဆံပင်တွေ အထွေးလိုက် ပါလာတာတွေ၊
👉 အင်္ကျီနဲ့အဝတ်အစားတွေပေါ်မှာ ဆံပင်တွေကို သိသိသာသာ တွေ့နေရတာတွေ၊
👉 ရေချိုးခန်းထဲမှာ ဆံပင်တွေ အထွေးလိုက် တွေ့ရတာတွေ၊
👉 ဆံကေသာတွေ တဖြည်းဖြည်း ပါးလာတာတွေ၊
👉 ဆံကေသာ ပုံပန်းသဏ္ဍာန် (Hairline) ပြောင်းလဲလာတာတွေ၊
👉 နှာဖူး တဖြည်းဖြည်း ပြောင်လာတာတွေ စတာတွေနဲ့လည်း သတိထားမိနိုင်ပါတယ်။
🥰 ဒါကြောင့် ဆံသားကျွတ်စေတဲ့ အကြောင်းအရင်းတွေနဲ့ ဆံသားကျန်းမာရေးကို သတိထားမိစေဖို့ Facia Fan တို့ကို ဗဟုသုတဝေမျှပေးလိုက်ပါတယ်။
————————————————–
References:
📌Pruthi , S., 2024. mayoclinic. [Online]
Available at: https://www.mayoclinic.org/…/symptoms-causes/syc-20372926
[Accessed 22 January 2024].
📌Publishing, H. H., 2022. Harvard Health Publishing. [Online]
Available at: https://www.health.harvard.edu/a_to_z/hair-loss-a-to-z
[Accessed 22 January 2024].
📌S, N. H., 2021. NHS. [Online]
Available at: https://www.nhs.uk/conditions/hair-loss/
[Accessed 22 January 2024].
#horsetail #hairlossreason
#hairlossproblem #hairloss
#Facia #collagen
#Zifam #CaringForWellbeing