မြန်မာ့ရိုးရာအတာသင်္ကြန် အပူဒဏ်အန္တရာယ် အထူးသတိပြုဖွယ် . .

မြန်မာနှစ်သစ်ကူး အတာသင်္ကြန်အတက်နေ့လေးမှာ Healthier Life Fan တို့လည်း ပျော်ရွှင်စွာပါဝင်ဆင်နွှဲရင်း ရေကစားနေကြမယ် လို့ယုံကြည်ပါတယ်။

ဒီလိုနှစ်သစ်ကူးအတာသင်္ကြန်အချိန်မှာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်စေနိုင်တဲ့ အန္တရာယ်မှကင်းဝေးစေဖို့အတွက် သတိပြုရမယ့် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ် . . 

အပူဒဏ်အန္တရာယ် အထူးသတိပြုဖွယ်

အပူဒဏ်ကို ကြိုတင်ကာကွယ်ခြင်း
———————————————

အရိပ်ရသော နေရာများတွင်သာနေပါ။

မိမိ၏အသားကို နေရောင်ခြည် တိုက်ရိုက်မထိတွေ့စေရန် လက်၊လည်ပင်းနှင့် ပုခုံးတို့ကိုပါ လုံခြုံသော အဝတ်အစားများ ဝတ်ဆင်ပါ။

ပူပြင်းသည့်နေရောင်အောက်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့ကို တတ်နိုင်သမျှရှောင်ကျဉ်ပါ။

အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ပိုမိုခံစားရစေနိုင်သဖြင့် ရှောင်ကျဉ်ပါ။

ခန္ဓာကိုယ်အတွင်း ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးမှုကို ကာကွယ်ရန်ရေနှင့် ဓာတ်ဆားရည်ကိုလုံလောက်အောင် သောက်သုံးပါ။

အပူဒဏ်လွန်ကဲခြင်း လက္ခဏာများ
———————————————

ခန္ဓာကိုယ်အပူချိန်အလွန်အကျွံမြင့်တက်ခြင်း၊ အရေပြားပူ၍ခြောက်သွေ့ခြင်း (သို့) ချွေးအလွန်အကျွံထွက်ခြင်း၊

စိတ်ရှုပ်ထွေးခြင်း၊

သတိလစ်ခြင်း၊ တက်ခြင်း

အရေးပေါ်ရှေးဦးသူနာပြုစုနည်း
——————————————

လူနာအား အရိပ်ရ၍အေးမြသောနေရာသို့ ရွှေ့ပြောင်းပါ။

လူနာ၏အဝတ်အစားများအားချွတ်ပေးပါ။

လူနာ၏ ကိုယ်ပေါ်သို့ရေအေးအေးဖြန်းပေးပါ။ ရေပတ်အုပ်ပေးပါ။

လူနာ၏ခြေရင်ဘက်အားမြှင့်ထားပေး၍ ပက်လက်အနေအထားဖြင့် ထားပါ။

လူနာအား လေပန်ကာမှုတ်ပေးပါ (သို့) ယပ်ခပ်ပေးပါ။

လူနာကောင်းစွာသတိရနေပါက ရေအေးအေး (သို့) ဓာတ်ဆားရည်တိုက်ပေးပါ။

ရှေးဦးပြုစုခြင်းများ ဆောင်ရွက်ပြီးလျှင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းများကို အမြန်ဆုံးပို့ဆောင်၍ ကုသမှုခံယူပါ။

Credit : Ministry of Health and Sports, Myanmar

 

 

 


Related Posts