2020 CSR (COVID-19 Donation)

 

COVID19 ကပ်ရောဂါကို ရှေ့တန်းမှစွမ်းစွမ်းတမံဝိုင်းဝန်းတိုက်ခိုက်ပေးနေကြသော မြန်မာနိုင်ငံတစ်ဝန်းရှိ ဆရာဝန်များ၊ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများအားလုံးကို Zifam Company မှ ဂုဏ်ယူလေးစားဖွယ် နှလုံးလှပိုင်ရှင်များဟု လေးစားစွာဂုဏ်ပြုအပ်ပါတယ်။ အခုလို COVID 19 ကိုနှလုံးလှပိုင်ရှင်များမှအနိုင်ယူတိုက်ခိုက်နိုင်ဖို့ လိုအပ်တဲ့အကာအကွယ်ပစ္စည်းများနှင့် ကျန်းမာရေးအထောက်အကူပစ္စည်းများကို Zifam Company မှ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ မိမိတို့တတ်စွမ်းနိုင်သည့်ဘက်မှ အခုလိုပါဝင်လှူဒါန်းပေးခဲ့ပါတယ်။ စုစုပေါင်းကျပ်ငွေ (၄၀၆)သိန်းကျော်တန်ဖိုးရှိ ဆေးရုံသုံးစက်ပစ္စည်း Patient Monitor များ၊ Surgical Mask များ၊ လက်အိတ်များ၊ အကာအကွယ်ဝတ်စုံများ၊ non contact Infrared အပူချိန်တိုင်းကရိယာများ၊ ဆေးဝါးများ နှင့် အထွေထွေသုံး အလှူငွေများ ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် တကွ တိုင်း ကျန်းမာရေးဦးစီးဌာနများ၊ အစိုးရဆေးရုံဌာနများသို့ လှူဒါန်းခဲ့ပြီးဖြစ်ပါတယ် ယနေ့အထိ လှူဒါန်းကူညီခဲ့သော ဆေးရုံများမှာ ဝေဘာဂီအထူးကုဆေးရုံကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီးရုံး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ဆေးကုသဆောင်များ (၁၊၂၊၅၊၆၊၁၇ နှင့် ၁၈)နှင့် အပူပိုင်းနှင့်ကူးစက်ရောဂါပညာဌာန ၊ အနောက်ပိုင်းပြည်သူ့ဆေးရုံကြီး (ဆေးကုသဆောင်)၊ ရန်ကုန်အရှေ့ပိုင်းပြည်သူ့ဆေးရုံကြီး(ဆေးကုသဆောင်)၊ သင်္ကန်းကျွန်းပြည်သူ့ဆေးရုံကြီး(ဆေးကုသဆောင်)၊ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး(ဆေးကုသဆောင်) ၊ ရန်ကုန်ခုတင်(၅၀၀)ဆံ့အထူးကုဆေးရုံကြီး(အရိုး၊ အကြော၊ အဆစ်ဆေးပညာဌာန)၊ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီး (ဆေးကုသဆောင်၊ အရိုးကုသဆောင်၊ သားဖွားနှင့်မီးယပ် ကုသဆောင်)၊ မူဆလင်ကုသိုလ်ဖြစ်ဆေးရုံကြီး(ဆေးကုသဆောင်)၊ ဧရာဝတီတိုင်းပြည်သူ့ကျန်းမာဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်)၊ မြိတ်ပြည်သူ့ဆေးရုံကြီး၊ ထားဝယ်ပြည်သူ့ဆေးရုံကြီး၊ ကော့သောင်းပြည်သူ့ဆေးရုံကြီး၊ စစ်တွေပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူပြည်သူ့ဆေးရုံကြီးနှင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးများသို့ ဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သားများအပါအဝင် တစ်ကမ္ဘာလုံး COVID19 ကပ်ရောဂါဆိုးမှအမြန်ဆုံးကင်းဝေးပါစေလို့ Zifam Company မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။