(၆) ကြိမ်မြောက် Zifam မိသားစုများ စုပေါင်းသွေးလှူပွဲမှ အမှတ်တရပုံရိပ်များ . . .

 

နှစ်စဉ်ပြုလုပ်နေကြဖြစ်တဲ့ Zifam မိသားစုများ စုပေါင်းသွေးလှူပွဲကို ယခုနှစ်မှာလည်း (၆) ကြိမ်မြောက်အနေဖြင့် ပြုလုပ်နိုင်ခဲ့ပါသည်။ သွေးလှူရှင်များမှ ကိုဗစ်-(၁၉) ကာကွယ်ထိန်းချုပ်၊ ထိန်းသိမ်းရေး စည်းကမ်းချက်များ၊ သွေးလှူဘဏ်ရဲ့စည်းကမ်းချက်များကို လိုက်နာကာ တစ်ဦးချင်းစီအနေဖြင့် သွားရောက်လှူဒါန်းခဲ့ကြပါသည်။

Covid-19 ရောဂါကြောင့် မြန်မာနိုင်ငံ၌ သွေးအလှူရှင်များနည်းပါး လျက်ရှိပြီး သွေးလိုအပ်ချက်မြင့်တက်နေသော အချိန်ကာလအတွင်း Zifam မိသားစုများ စုပေါင်းသွေးလှူပွဲတွင် ကာလဒါနပါဝင် လှူဒါန်းခဲ့ကြသော Facebook Fan များနှင့် Zifam Company ဝန်ထမ်းများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး အနာရောဂါ ကင်းရှင်းကြပါစေလို့ Zifam Company မှ လေးလေးနက်နက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

(မှတ်ချက် -​ သွေးလှူပွဲတွင်ပါဝင်လှူဒါန်းခဲ့ကြသူများမှ ပေးပို့ပေးထားတဲ့ အမှတ်တရပုံရိပ်များကို ပြန်လည်ဝေမျှပေးထားခြင်းဖြစ်ပါသည်။)